" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Tuesday, February 23, 2016

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 1 - C)

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 1 - C)
************************
(အားကောင်းနေသော ဒေါသစိတ်)
🔯 ထမင်းစားနေတုန်းမှာ မကြိုက်တဲ့အရသာလေးကို သွားတွေ့တယ်။
အဲ့ဒီ အရသာလေးနဲ့ လျှာနဲ့ တွေ့တဲ့ အခိုက်အတန့်လေးက ဘယ်လောက်မှ မကြာဘူး။ ပြီးတော့ မြိုလိုက်ရင်လည်းပဲ … သူက ပြီးပြီ။ မဟုတ်ရင် တခြား၊ ကိုယ်ကြိုက်တဲ့ အရသာလေးနဲ့ အစားထိုးလိုက်လည်း ရတယ်။
★ ဒါပေမယ့် ဖြစ်တတ်တာက အဲ့ဒီ အော်တိုစိတ်က မကြိုက်တဲ့အရသာလေးကို ပြန်ပြီးတော့ Replay လုပ်တယ်။
စက်အနေနဲ့ ပြောမယ်ဆိုရင် အကြိမ်ကြိမ်ပြန်ပြတယ်။ Replay လုပ်တယ်။
☆ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် သင်္ချာနဲ့ပြောမယ်ဆိုရင် သူက မိနစ်တိုင်း မြှောက်နေတာ။ တစ်နဲ့ မြှောက်လိုက်၊ နှစ်နဲ့ မြှောက်လိုက်နဲ့ မြှောက်နေတာ။
● ပထမဆုံး တစ်ကြိမ်ပဲ ဖြစ်တာ။
အဲ့ဒါကို တစ်ကြိမ်ထပ်ပြီးတော့ တွေးလိုက်တဲ့အခါကျတော့ တစ်ကို နှစ်နဲ့ မြှောက်တော့ နှစ်ဖြစ်သွားတယ်။
● ဒုတိယအကြိမ်တွေးလိုက်တာ အားကောင်းသွားတယ်။
● တတိယအကြိမ်သတိရတယ်ဆိုရင် တစ်ကို ထပ်မြှောက်၊ သုံးဖြစ်သွားတယ်။
ဒါ Psychology ကို အလွယ်တကူ နားလည်လာအောင် simple mathematically ရိုးရိုးသင်္ချာနဲ့ပြောပြတာ။
👉 အဲ့ဒီတော့ လူတစ်ယောက်ကို ဒေါသဖြစ်တယ်။ သူ့ရဲ့ရုပ်ကို ကိုယ့်စိတ်ထဲမှာ ကျန်နေရစ်တယ်။ ကျန်နေမှန်းလည်း ကိုယ်မသိဘူး။ အဲ့ဒီသူ့ရဲ့ image သူ့ရဲ့ ရုပ်ပုံက ခဏခဏ ပြန်ပေါ်လာတယ်ဆိုရင် သူက auto mind က ၀င်လာပြီ။
★ auto mind က ဒေါသစိတ်ကို လာပြီးတော့ မြှောက်ပေးနေတယ်။ multiply လုပ်တာ။ ပွားပေးနေတယ်။
တစ်ချို့ဆိုရင် နှစ်သုံးဆယ်အထိ ပွားတယ်။ ဘယ်လောက်အထိ ဖြစ်သွားမလဲ၊ နောက်မှာ သုည ဘယ်လောက်ထည့်ရမလဲမသိဘူး။ ဘုန်းဘုန်းထင်တယ်။ နှစ်သုံးဆယ်ဆိုရင် Calculator တွေ တွက်လို့ မရတော့ဘူး။
★ လူတစ်ယောက်ကို နှစ်သုံးဆယ်အထိ ဒေါသဖြစ်တယ်ဆိုရင်....
နှစ်သုံးဆယ်မပြောနဲ့ .. တစ်နှစ်၊ အကြီးအကျယ်ဒေါသဖြစ်တာတောင်မှ ဒီဒေါသရဲ့ သူ့ရဲ့ weight၊ သူ့ရဲ့ အလေးချိန်၊ မနည်းတော့ဘူး။
★ သူတို့က အော်တိုမောင်းနေတယ်ဆိုရင် ထိန်းမယ့်သူမရှိရင်....
အခုသူတို့လုပ်နေတယ်လေ..
ဒရိုင်ဘာမပါဘဲနဲ့ မောင်းလို့ရတယ်ဆိုတဲ့ကား။
ဘယ်လိုဖြစ်မလဲမသိဘူး။ ဘုန်းဘုန်းက အဲ့ဒါ စိတ်ဝင်စားတယ်။ Psychology ဘက်ကနေ စိတ်ဝင်စားတာပါ။ Truck တွေတောင်မှ လုပ်တယ်တဲ့။
● အဲ့ဒီတော့ အခုလောလောဆယ်ရှိနေတဲ့ အော်တိုဂီယာတွေကတော့ လူက ထိန်းနေရသေးတယ်။
● လေယာဉ်ပျံတွေလည်း ဒီလိုပဲ auto pilot နဲ့ မောင်းတယ်လေ။ Pilot တွေက တစ်ချိန်လုံး ကြည့်မနေဘူး။ သူတို့ နားတဲ့အချိန်ရှိတယ်။ ဒီလိုပဲ အော်တို စက်က သူ့ဟာသူ မောင်းနေတယ်။
★ ဒေါသစိတ် တစ်ခုကနေ၊ နှစ်ခုဖြစ်လာတယ်။
နှစ်ခုကနေ သုံးခုဖြစ်လာတယ်။
သုံးခုကနေ ချက်ချင်းခြောက်ခုဖြစ်လာတယ်။
★ သူက ကြာလေ၊ သူ့ရဲ့ multiplication capacity သူ ပွားနိုင်တဲ့ စွမ်းရည်က ပိုမြင့်လာတယ်။
★ စတုန်းကတော့ ကိုယ်မကြိုက်တဲ့သူနဲ့ မျက်နှာချင်းဆုံ တွေ့တဲ့အခါမှ ဒေါသဖြစ်တယ်။
☆ နောက်ပိုင်းကျတော့ သူမရှိလည်းပဲ ရှေ့မှာရှိတဲ့ပန်းတွေ လွှင့်ပစ်လိုက်၊
ရှေ့မှာရှိတဲ့ ပန်းကန်ခွက်ယောက်တွေ လွှင့်ပစ်လိုက်နဲ့ ဒေါသဖြစ်တယ်။
သူဌေးကြီးတစ်ယောက်။ သဘောင်္ပိုင်ရှင်ကြီး။ လူအများစုရဲ့ စိတ်ထဲမှာတော့ သူက သဘောင်္ပိုင်ရှင်အနေနဲ့ နာမည်မကြီးခဲ့ဘူး။
ဘာနာမည်ကြီးသလဲဆိုတော့ ပန်းကန်တွေကို ပေါက်ခွဲတဲ့ သူဌေးကြီးအနေနဲ့ နာမည်ကြီး ကျန်ရစ်ခဲ့တယ်။
★ အဲ့လောက်အထိ သူက explosion ဖြစ်အောင်၊ ပေါက်ကွဲအောင်ဆိုရင် အကြိမ်ကြိမ် အော်တိုစိတ်က .. သံပတ်လို မြဲအောင် အကြိမ်ကြိမ် အကြာကြီး ရစ်ထားတယ်ပေါ့။
★ ဒေါသဆိုတဲ့ ကြိုးက အကြိမ်ကြိမ် ရစ်ထားတိုင်း တော်ရုံတန်ရုံ ရုန်းမထွက်နိုင်တော့ဘူး။
အဲ့ဒီ ဒေါသဆိုတဲ့ ကြိုး၊ ဒေါသဆိုတဲ့ ကွန်ရက်ကိုပဲ ဖြေရှင်းဖို့အတွက်၊ ဖြေရှင်းပုံ ဖြေရှင်းနည်းက ၀ိသုဒ္ဓိမဂ်ကျမ်းစာကြီး ရေးထားတာ။ အစပိုင်းမှာ ကွန်ရက်နဲ့ emotion ကို နှိုင်းယှဉ်ထားတာ။
ဘယ်ကနေ ထွက်လို့ ထွက်မှန်း မသိတော့ဘူး။ ကိုယ်ကြိုက်တဲ့ emotion တွေလည်း ရှိတယ်။ မကြိုက်တဲ့ emotion တွေလည်း ရှိတယ်။ တက်လိုက်၊ ကျလိုက်နဲ့ ဘယ်ဟာကိုင်လို့ ကိုင်ရမှန်း မသိတော့ဘူး။ အဲ့လိုဖြစ်တာ။
ဒါက auto mind.
ဆက်ရန်...

No comments: