" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Saturday, February 27, 2016

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 1 - F)

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 1 - F)
★★★★★★★★★★★★
🔯 Emotion Management က မြတ်စွာဘုရားရဲ့ သတိပဋ္ဌာနသုတ်ကို အခြေခံတယ်။
ဒါ့ကြောင့် မိမိ emotion ကို မိမိစောင့်ကြည့်။ ပေါ်လာတဲ့ emotion ကို သူ့အရှိကို အရှိအတိုင်း မှတ်တမ်းတင်တာပေါ့။ Recognize လုပ်တယ်။ Register လုပ်တယ်ခေါ်တယ်။
★ ခန္ဓာကိုယ်လည်း ဒီအတိုင်းပဲ။ ပင်ပန်းနေတယ်ဆိုရင် "ခန္ဓာကိုယ် ပင်ပန်းနေတယ်" ။
အဲ့ဒီပင်ပန်းနေတဲ့ခန္ဓာကိုယ်နဲ့ သွားရန်မဖြစ်နဲ့။
ပင်ပန်းနေတာ မကောင်းဘူးဆိုပြီးတော့လည်း အကောင်းအဆိုး သွားမဝေဖန်နဲ့။
● ပင်ပန်းနေတဲ့စိတ်ကို "ပင်ပန်းနေတဲ့စိတ်"လို့ လက်ခံလိုက်ပါ။
● ပင်ပန်းနေတဲ့ ခန္ဓာကိုယ်ကို "ပင်ပန်းနေတဲ့ ခန္ဓာကိုယ်" လို့ လက်ခံလိုက်ပါ။
● ညောင်းနေတဲ့ခန္ဓာကိုယ်ကို ဘယ်နေရာမှာ ညောင်းနေလဲ၊ အဲ့ဒါလေးကို လက်ခံလိုက်ပါ။
👉 ဒါ ကာယာနုပဿနာ။ ဒါကိုပဲ non-judgmental awareness အကောင်းအဆိုး မဝေဖန်တဲ့ သတိတရား လို့ခေါ်တယ်။
ဘုန်းဘုန်းတို့ နာရီဝက်လောက် တရားထိုင်မယ်။ တရားထိုင်တဲ့အခါမှာ ဘုန်းဘုန်းက အင်္ဂလိပ်လို ပထမဆုံးသင်ပေးမယ်။
☆★☆ Three R လို့ခေါ်တယ်။ R သုံးလုံး။
(1) ပထမဆုံး R က Register ။
ဘာကို Register လုပ်ရမှာလဲဆိုရင်
ပထမဆုံး "ထွက်သက် ၀င်သက်လေး" ကို Register လုပ်တာ။
● ၀င်လေဆိုရင် ၀င်လေ၊
● ထွက်လေ ဆိုရင် ထွက်လေ။
အဲ့ဒါလေးကို ဖြစ်တိုင်း၊ ဖြစ်တိုင်း register လုပ်တာ။ လိုက်ပြီးတော့ သိတာပေါ့။ ဒါကိုပဲ ပုံမှန်သိတာတော့ တရားမှတ်တယ်ခေါ်တယ်။ အာနာပါနပေါ့။ Register လုပ်တာ။
● အဲ့ဒီကြားထဲမှာ ခန္ဓာကိုယ်က discomfort မသက်မသာဖြစ်လာရင် မသက်မသာ ဖြစ်တဲ့နေရာ၊ အဲ့ဒီနေရာကို စိတ်ပို့လိုက်။
ပြီးတော့ အဲ့ဒီခံစားမှုလေး၊ အဲ့ဒီ ခန္ဓာကိုယ်ခံစားမှုလေးကို Register လုပ်လိုက်။
စိတ်နဲ့ မှတ်ပုံတင်လိုက်တာပေါ့။ စိတ်နဲ့ မှတ်ထားလိုက်တာပေါ့။
● နာတယ်ဆိုရင် "နာတယ်"။
● ညောင်းတယ်ဆိုရင် "ညောင်းတယ်"။
● မနက်အစောကြီးထရလို့ အိပ်ငိုက်တယ်ဆိုရင် "အိပ်ငိုက်တယ်"။
● အိပ်ငိုက်တာကို မကြိုက်လို့ မကြိုက်ဘူးဆိုရင် အိပ်ငိုက်တာကို "မကြိုက်တဲ့စိတ်"၊ ဒါ မကြိုက်တဲ့စိတ်။ ဒီဟာ မကြိုက်တဲ့စိတ်၊
အဲ့လို Register လုပ်လိုက်။
(2) Register လုပ်ပြီးရင် ဘာလုပ်ရမလဲဆိုရင် ဒုတိယတစ်ချက်က Release။ လွှတ်လိုက်ရတာ။
စိတ်ကို ဒီအတိုင်းလွှတ်တတ်အောင်၊
အာရုံတစ်ခုကို လွှတ်တတ်အောင်၊ စွန့်လွှတ်တတ်အောင်၊ ဒီလိုလွှတ်တတ်အောင် သင်ပေးရမယ်တဲ့။ မသင်ပေးရင် ဒီစိတ်က release မလုပ်တတ်ဘူး။
★ ကလေးတွေကို .. "သား.. အဲ့ဒါလေးချထားလိုက်" ဆိုရင်
ကလေးတွေက ချထားလိုက်တယ်။ သင်ပေးရတယ်။
"သမီး.. အဲ့ဒါလေးချထားလိုက်" ဆိုရင် ကလေးက ချထားလိုက်တယ်။
"အဲ့ဒါလေး ပါးစပ်ထဲမထည့်နဲ့" ဆိုရင် နောက်ပိုင်းကျတော့ ကလေးကသိသွားတော့ ပါးစပ်ထဲ မထည့်တော့ဘူး။ ဒါတွေ သင်ပေးရတယ်။
★ ဒီအတိုင်းပါပဲ။ စိတ်ကိုလည်း ဒီအတိုင်းသင်ပေးရတယ်။
● ဒါက ဒေါသဖြစ်နေတယ်။ ဒါက ဒေါသစိတ်။
● ဒါ မကြိုက်တဲ့စိတ်၊ ဒါမကြိုက်တဲ့စိတ်။
ပြီးရင် ဒီမကြိုက်တဲ့စိတ်ကို ဒီအတိုင်း လွှတ်ထားလိုက်ပါတဲ့။ Release လုပ်လိုက်။
(3) Release လုပ်ပြီးရင် ဘယ်သွားမှာလဲဆိုတော့ မူလအာရုံ.. အိမ်လို့ခေါ်တယ်။ ဒီနေ့တော့ ထွက်သက်၊ ၀င်သက်ဖြစ်ဖြစ်၊ ဖောင်းတာ ပိန်တာ ဖြစ်ဖြစ်၊ ကိုယ် ကျွမ်းကျင်ရာပေါ့နော်။ ထွက်သက်၊ ၀င်သက်၊ ဒါမှ မဟုတ် ဖောင်းတယ်၊ ပိန်တယ်။ အဲ့ဒါကို မိမိရဲ့ အိမ်လို့ ခေါ်တယ်။
● ဒီနေ့ စွယ်တော်ဘုရားဝင်းထဲမှာရှိတဲ့ ရွှေလီဓမ္မာရုံကို လာတယ်။ အချိန်တန်ရင် အိမ်ပြန်ကြမယ်။ ဈေးသွားတဲ့သူ အချိန်တန်ရင် အိမ်ပြန်မယ်။ အလုပ်သွားတဲ့သူ၊ အချိန်တန်ရင် အိမ်ပြန်မယ်။ အိမ်က ဘ၀ရဲ့ center ။ ဘ၀ရဲ့ အလယ်ဗဟို။ ရှေးစကားနဲ့ ကဗျာဆန်ဆန် ပြောမယ်ဆိုရင်တော့ ဘ၀ရဲ့ မြင်းမိုရ်ပေါ့။ အလယ်တည့်တည့်ကျတယ်။ လူတစ်ယောက်ရဲ့ မြင်းမိုရ်တောင်ဟာ အိမ်ပါ။ စိတ်ရှိတဲ့နေရာ။
★ စိတ်ကလည်း အိမ်ရှိရမယ်တဲ့။
ဒါ့ကြောင့် စိတ် အိမ်မှာနေတတ်အောင် လေ့ကျင့်ပေးမယ်။
●ထွက်သက်၊ ၀င်သက်မှာ စိတ်ထား။
● ထွက်လေ၊ ၀င်လေ၊
● ဒါက ထွက်လေ၊ ဒါက ၀င်လေဆိုပြီး အဲ့ဒီလို မှတ်လိုက်တဲ့အခါမှာ နောက်ပိုင်း ကြာလာတဲ့အခါကျတော့ စိတ်က ဒီ ထွက်သက်၊ ၀င်သက်.. သူ့အိမ်လေးနဲ့သူ လက်ခံလာမယ်။
🔯 ဒါကိုပဲ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးက 'အိမ်သည်စိတ်"တဲ့။ "အိမ်သည်" လို့ ခေါ်တယ်။
ဒါ host ၊ awareness ပဲ။ Host ဆိုတာ အိမ်သည်လုပ်တာ။
★ အဲ့ဒါကြောင့် ခြေထောက်က ကျဉ်တယ်ဆိုရင် ခြေထောက်ဆီသွားလိုက်၊ register လုပ်လိုက်။ ကျဉ်တာကို Register လုပ်လိုက်။
★ အဲ့ဒီ ခြေထောက်ကျဉ်တာကို စိတ်က complain လုပ်လား။ လုပ်တယ်ဆိုရင် အဲ့ဒီ complain လုပ်တာကို Register လုပ်လိုက်။
★★ ပြီးရင် release လုပ်လိုက်။ အဲ့ဒါ လုပ်ထားလိုက်။
★★★ ပြီးရင် Retain ။ အိမ်ပြန်ရမယ်။ အဲ့ဒီ အိမ်က ထွက်သက်၊ ၀င်သက်။
Register၊ Release & Retain။ Three R ။
ဒီ Three R လေးနဲ့ ထိန်းမယ်။
★ ခါးနာတယ်ဆိုရင် ဒီ Three R နဲ့ apply လုပ်လိုက်။ လူက အိမ်ရောက်နေတယ် .. စိတ်က မနက်ဖန်ဘာလုပ်ရမလဲမသိဘူး။ ဒီနေ့ ဆရာတော်နဲ့လာပြီး တရားထိုင်တဲ့အခါကျတော့ အဲ့ဒီအလုပ်တွေ လုပ်လို့မရတော့ဘူးလို့ စိတ်က အဲ့လို ဗလောင်းဗလဲဖြစ်ပြီဆိုရင် အဲ့ဒီစိတ်ကို မှတ်လိုက်။ စိတ်က တွေးနေတယ်။ တွေးနေတယ်။ အဲ့ဒါတွေ တွေးလိုက်။
● သားသမီးဆီရောက်နေတယ်ဆိုရင် "ရောက်နေတယ်"။
● မိဘဆီရောက်နေတယ်ဆိုရင် "ရောက်နေတယ်" ။
● မြင်တယ်ဆိုရင် "မြင်တယ်"။
★ အဲ့လို Register လုပ်လိုက်။
★★ Register လုပ်ပြီးရင် သိသိနဲ့ release လုပ်လိုက်။
★★★ ပြီးရင် သိသိနဲ့ အိမ်ကိုပြန်လာ။ Retain လုပ်လိုက်။
Register Release & Retain.
ဆက်ရန်...

No comments: