" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Tuesday, April 5, 2016

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 1 - G)

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 1 - G)
★★★★★★★★★★★★
Register၊ Release & Retain။ Three R ။
ဒီ Three R လေးနဲ့ ထိန်းမယ်။
● ခါးနာတယ်ဆိုရင် ဒီ Three R နဲ့ apply လုပ်လိုက်။
● အိမ်ရောက်နေတဲ့ဟာ .. စိတ်က
မနက်ဖန်ဘာလုပ်ရမလဲမသိဘူး။
● ဒီနေ့ ဆရာတော်နဲ့လာပြီး တရားထိုင်တဲ့အခါကျတော့ အဲ့ဒီအလုပ်တွေ လုပ်လို့မရတော့ဘူးလို့ စိတ်က အဲ့လို ဗလောင်းဗလဲဖြစ်ပြီဆိုရင် အဲ့ဒီစိတ်ကို မှတ်လိုက်။
★စိတ်က တွေးနေတယ်။ တွေးနေတယ်။ အဲ့ဒါတွေ တွေးလိုက်။
● သားသမီးဆီရောက်နေတယ်ဆိုရင် ရောက်နေတယ်။
● မိဘဆီရောက်နေတယ်ဆိုရင် ရောက်နေတယ်။
● မြင်တယ်ဆိုရင် မြင်တယ်။
★ အဲ့လို Register လုပ်လိုက်။
★★ Register လုပ်ပြီးရင် သိသိနဲ့ release လုပ်လိုက်။
★★★ ပြီးရင် သိသိနဲ့ အိမ်ကိုပြန်လာ။
Retain လုပ်လိုက်။
Register Release & Retain.
ခန္ဓာကိုယ်ကို သက်သက်သာသာထား။
★ ကုလားထိုင်ပေါ်ထိုင်တဲ့အခါ ခြေထောက်ကို စုထား။ လက်ကိုလည်းပဲ နှစ်ဖက်စုထား။ နောက် ခန္ဓာကိုယ်ကို သက်တောင့်သက်သာ ခပ်မတ်မတ်လေးထား။
★ မသက်မသာ မတ်မတ်ထားတာမျိုးမလုပ်နဲ့။ သက်သက်သာသာလေးလုပ်။
★ ဒီကြားထဲမှာ စိတ်ပျံ့လွင့်တာတောင်မှ ပျံ့လွင့်တဲ့စိတ်ကို အကောင်းအဆိုး သွားပြီး မဝေဖန်နဲ့။
★ စိတ်ပျံ့လွင့်နေတယ်။ စိတ်ပျံ့လွင့်တယ်။ အဲ့ဒါလေးကိုပဲ လိုက်ပြီးတော့ သိလိုက်။
★ Register လုပ်လိုက်။
★★ ပြီးရင် release လုပ်လိုက်။ လွှတ်လိုက်။
★★★ ပြီးရင် retain အိမ်ပြန်၊ မူလအာရုံ။
★ ပျံ့လွင့်တဲ့စိတ်ကို မကြိုက်ဘူးဆိုရင် မကြိုက်တဲ့စိတ်လေးကို register လုပ်လိုက်။ အသိအမှတ်ပြုလိုက်၊
★★ ပြီးရင် release လုပ်လိုက်၊
★★★ ပြီးရင် retain / သိတယ်၊ လွှတ်တယ်။ နောက် အိမ်ပြန်တယ်။ နာရီဝက် တရားထိုင်မယ်။
● စိတ်ပျံ့လွင့်တယ်ဆိုရင် စိတ်ပျံ့လွင့်တာနဲ့ သွားပြီးတော့ ရန်မဖြစ်နဲ့။ လိုက်ပြီးတော့ပဲ သိ။
● အပြင်က အသံတွေ လာတယ်ဆိုရင် အဲ့ဒီ အသံတွေကို သွားပြီးတော့ ရန်မဖြစ်နဲ့။ ကြားတယ်။ ကြားတယ်။ အဲ့လို register လုပ်လိုက်။
ကြားတဲ့အသံ စိတ်ထဲမှာ depredate ဖြစ်တယ်ဆိုရင် depredation ဖြစ်နေတယ်။ အဲ့လို register လုပ်လိုက်၊ လိုက်ပြီးတော့ သိလိုက်၊ ၀င်လေ ထွက်လေ ကျကျ နန ရှုရှိုက်ပေး။
အောက်ဆီဂျင်ကောင်းကောင်းရတယ်။ slow & deep breath. ဖြေးဖြေးနဲ့ ညင်ညင်သာသာ နည်းနည်းလေး အားစိုက်ပြီး ရှုရှိုက်ပေး။ စိတ်ပျံ့လွင့်တာများရင် ၀င်လေရှုတာကို တစ်ကနေ ငါးအထိ ရေလိုက်။ ထွက်လေကိုလည်းပဲ တစ်ကနေ ငါးအထိ ရေလိုက်။ Slow & deep breath. ကျကျနန ရှုရှိုက်ပါ။

No comments: