Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 2 - A)
☆☆☆☆☆☆☆☆☆☆☆☆
🔯 မိဘနဲ့ သားသမီးကြားထဲမှာ ဘယ်လိုပဲ ခေါ်ခေါ် မေတ္တာပဲခေါ်ခေါ်၊ ဒါတွေက
emotion တွေပဲ။ သူငယ်ချင်းကြားထဲမှာ၊ မောင်နှမကြားထဲမှာ၊ လင်မယားကြားထဲမှာ၊
မိသားစုကြားထဲမှာ၊ လုပ်ဖော်ကိုင်ဖက် ကြားထဲမှာ အကုန်လုံး emotion တွေပဲ။
● emotion တွေနဲ့ လူသားတွေ နေကြပါတယ်။ ဒါ့ကြောင့် emotion ကို နားလည်ဖို့အတွက် သိပ်အရေးကြီးတယ်။
● emotion လို့ပြောရင် emotion ကို အရှိကို အရှိအတိုင်း ခံစားနိုင်တဲ့
ပုဂ္ဂိုလ်ကတော့ ရှားတယ်။ ဒါ့ကြောင့်မို့လို့ ဘုန်းဘုန်းက
ဆန်းစစ်ကြည့်မယ်ဆိုရင်
★တကယ်လို့ ဒီနေ့လူတစ်ယောက်ဟာ ကိုယ့်ကို လာပြီးတော့
●ကောင်းတယ်လို့ ချီးမွမ်းမယ်။
●ဟာ.. ၀တ်ထားတာလေးက လှလိုက်တာ။
ဒီ ၀မ်းသာတဲ့ဟာလေးက အိမ်အထိ မခံဘူး။ တခြားအာရုံတွေက လာပြီးတော့
အနိုင်ယူသွားမယ်။ တခြားအာရုံနောက်ကို ပါသွားမယ်။ တခြားအားရုံတွေက overtake
လုပ်မယ်။
★ အဲ့လိုမဟုတ်ဘဲ ဒီကြားထဲမှာ လူတစ်ယောက်က ကိုယ်မကြိုက်တဲ့ဟာ လာပြောတယ်။ ကိုယ်မကြိုက်တဲ့ဟာ တစ်ခုခုကို လာပြောမယ်။
● အစားအသောက်ဖြစ်ဖြစ်၊
● ကိုယ်ဝတ်စားတာပဲဖြစ်ဖြစ်၊
● ကိုယ်စီးတဲ့ကားပဲဖြစ်ဖြစ်၊
● ကိုယ်ထိုင်တာပဲဖြစ်ဖြစ်၊
ဘာပဲဖြစ်ဖြစ် စကားလာပြောမယ်။ တစ်ခုခုမကြိုက်ဘူးပြောရင် အဲ့ဒီဟာက
မနက်ဖန်အထိ မကဘူး။ နောက်နေ့အထိ ဒီထဲမှာ.. ခေါင်းထဲမှာ စွဲနေတယ်။
သံရိုက်ထားသလိုပဲ။
★ ဒါဖြင့် ဘုန်းဘုန်းတို့က မကောင်းတဲ့ negative emotion ကို ပိုပြီးတော့ ထိန်းထားနိုင်တဲ့ စွမ်းရည် ပိုရှိပြီး
★ ကောင်းတဲ့ positive emotion ကိုကျတော့ ထိန်းထားတဲ့စွမ်းရည်၊ အိမ်
(container) က negative ဘက်ကိုပဲ prefer လုပ်တယ်။ ပိုကြိုက်တယ်ပေါ့။
★ ဒါဘာကြောင့်လဲ.. ဒီအတိုင်းသာ ဖြစ်တယ်ဆိုရင် မှတ်ဥာဏ်ဆိုတဲ့ သံလိုက်က
negative ဟာတွေကိုပဲ ဆွဲတယ်။ Positive ဟာတွေကို သိပ်မဆွဲဘူးဆိုရင်
ဒီအိတ်ထဲမှာ Negative ဟာတွေပဲ ပြည့်သွားမှာပေါ့။
★ တစ်ချို့ဆိုရင်လေ သူတို့ရဲ့ဘ၀၊ သူတို့ရဲ့ ပုံသဏ္ဍာန်၊ သူတို့ရဲ့ identity ကို negative emotion တွေနဲ့ တည်ဆောက်ထားတာ။
ငါက ကျောင်းမှာ ဘယ်လို အနှိမ်ခံရတယ်။
• ဘွဲ့ရတော့ ဘယ်သူက ငါ့ကို
• ဘယ်လိုကိစ္စတွေလုပ်တယ်။
• အလုပ်မှာကျတော့ လူတွေက ငါ့ကို ဘယ်လို ၀ိုင်းဖယ်တယ်။
★မကောင်းတာတွေ အကုန်လုံးစုပြီး "ငါ" ဆိုပြီး ပုံဖော်ထားတယ်။
★ကောင်းတာတွေ အများကြီးရှိတယ်။ အဲ့ဒါတွေနဲ့ ပုံမဖော်နိုင်ဘူး။
★ ကောင်းတာတွေကျတော့ ဘယ်လိုဖြစ်သွားတုန်းဆိုတော့ သဲထဲရေသွန်သလိုပဲ။ ဘာမှ ဆုပ်စွဲကိုင်လို့ မရဘူး။
★မိမိလက်က ကိုင်ဖို့အတွက် ဘာမှ အကောင်အထည်မရှိဘူး။ ဒါကိုပဲ emotional
habit လို့ခေါ်တယ်။ emotion ရဲ့ အကျင့်။ Habit ဖြစ်ပြီဆိုရင် ဒီ Habit က
သူ့ဟာသူ အင်အားရှိလာတယ်။ Energy ရှိလာတယ်။ အဲ့ဒီ Habit ကို အနုသယခေါ်တာ။
ဗုဒ္ဓအနေနဲ့ကတော့ ရှင်းရှင်းလေးပဲ။ လေ့ကျင့်ကြပါ။ လေ့ကျင့်ဖို့လိုတယ်။
No comments:
Post a Comment