" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Tuesday, April 5, 2016

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 3 - D)

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 3 - D)
☆☆☆☆☆☆☆☆☆☆☆☆
(ကိုယ်ပိုင်ပစ္စည်းများ တန်ဖိုးတက်ခြင်း နှင့်ကျခြင်း)
🔯 ဒီကနေ အိမ်ပြန်သွားရင် လမ်းမှာ ကိုယ်မသိတဲ့သူတွေရဲ့ အိမ်ကောင်းတွေ အများကြီးတွေ့မယ်။ သူတို့အတွက် ဝမ်းသာဖို့ ကြိုးစားရမယ်။ ပြည်လမ်းမကြီးပေါ်မှာ၊ ကမ္ဘာအေးလမ်းမကြီး တွေပေါ်မှာ၊ နောက်ပြီးတော့ လမ်းမအသီးသီးပေါ်မှာ လမ်းပေါ်ထွက်တိုင်း ကားကောင်းတွေအများကြီးတွေ့မယ်။
★ အဲ့ဒီကားကောင်းတွေနဲ့ အဲဒီကိုယ်မသိတဲ့သူတွေက၊ သူတို့လိုချင်ရာ ခရီးကို လိုတဲ့အချိန်မှာ အဲ့ဒီကားနဲ့သွားနေတာ.. အဲ့ဒါလေးကို ကိုယ်က ဝမ်းသာနိုင်တယ်ဆိုရင် "ကိုယ့်ရဲ့ကားတန်ဖိုး"က ချက်ချင်းတက်သွားတယ်။
★ သူတို့က “ငါနဲ့ ဘာမှမဆိုင်ဘူး သူ့ကားနဲ့ ငါ့ကားဘာဆိုင်တုန်း၊ ငါ့ကားငါဝယ်စီးတာ။ ဒီလိုစိတ် .. I don't care ဆိုတဲ့ attitude ပေါ့။ I don't care attitude (ငါဂရုမစိုက်ဘူး) ဆိုတဲ့ အမြင် ၀င်လိုက်တာနဲ့ ကိုယ့်ကားတန်ဖိုးက ချက်ချင်း ကျသွားတယ်။
ဒါလည်း emotion value ပဲ။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် sentimental value လို့ခေါ်တယ်။
ပစ္စည်းတစ်ခုဟာ တန်ဖိုး ဘယ်လောက်ရှိလဲဆိုရင်.. အင်္ဂလိပ်လိုပြောရင် This is in the eyes of beholder. အသုံးပြုတဲ့သူရဲ့ မျက်စိပေါ်မှာ မူတည်တာပေါ့။
★ သင်္ကန်းကောင်းကောင်းတွေ ဒကာတစ်ယောက်က လှူတယ်တဲ့။ ထိုင်းက ဆရတော်ကြီးကိုလှူတာ။ အခုတော့ ဆရာတော်ကြီးက ပျံလွန်တော်မူသွားပြီ။ ဘုရင်က ကိုးကွယ်တယ်။ ဆရာတော်ကြီးက တရားရှိတဲ့ ပုဂ္ဂိုလ်။ ဈာပနကိစ္စက ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ ပြီးသွားတာ။ ဓာတ်တော်ပါကျတယ်။ မြန်မာပြည်က ဆရာတော်တွေလည်း ဒီဈာပနကို ကြွတယ်။ သီတဂူဆရာတော်လည်း ကြွတယ်။ ဘုန်းဘုန်းလည်း ကြွတယ်။
★ အဲ့ဒီဆရာတော်ကြီးက သူ အမြဲတမ်းထိုင်ပြီးတော့ ဧည့်ခံတဲ့နေရာမှာ သင်္ကန်းဟောင်းလေးတစ်ထည်ကို ခင်းထားတယ်။ တစ်နေ့ကျတော့ ဆရာတော်မရှိတဲ့အချိန်မှာ သူ့ဝေယျာဝစ္စလုပ်ပေးတဲ့ ဦးဇင်းက အဲ့ဒါကို ဖယ်ပြီးတော့ အသစ်ဆုံး အကောင်းဆုံး ခင်းထားလိုက်တယ်။
★ ဆရာတော်ကြီး ပြန်လာတဲ့အခါကျတော့ “ဒီမှာခင်းထားတဲ့ သင်္ကန်းဟောင်းလေး ဘယ်ရောက်နေတုန်း။” “ဟောင်းလွန်းလို့ တပည့်တော် သိမ်းလိုက်ပြီတဲ့။ ပစ်လိုက်ပြီ။ တပည့်တော် အသစ်နဲ့လဲထားတာ။" လို့လျှောက်တော့..
အဲ့ဒါ ပြန်ယူခဲ့တဲ့။ မယ်တော်ကြီး လှူထားတာတဲ့။ မယ်တော်ကြီးလှူထားတာဆိုတော့ sentimental value အရမ်းတန်ဖိုးရှိတယ်။
★ မယ်တော်ကြီး ကုသိုလ်ရအောင်ဆိုပြီး ဆရာတော်ကြီးက နေ့တိုင်း အသုံးပြုပေးနေတာ။ အဲဒီသင်္ကန်း ဘယ်လောက်တန်သလဲဆိုတာ ဆရာတော်ကြီးကိုသွားမေးရင် ဘယ်ပြောနိုင်မလဲ။ Commercial value က တစ်မျိုး၊ Sentimental value က တစ်မျိုး။
★ ဒါကြောင့် ဘုန်းဘုန်းတို့အသုံးပြုနေတဲ့ ပစ္စည်းတွေအားလုံးဟာ sentimental value ရှိတဲ့ဟာတွေ ချည်းပဲ။ ဘုန်းဘုန်းက oxford တက္ကသိုလ်မှာ တက္ကသိုလ်ရဲ့ ဘောလ်ပင်လေးကိုင်တယ်။
★ အခု ဒီဘောလ်ပင်ကတော့ ဟန်ဂေရီက။ ဟန်ဂေရီကို သွားတာ ဆယ်နှစ်ရှိပြီ။ နှစ်တိုင်းသွားတယ်။ တခါတခါ တစ်နှစ်ကို နှစ်ခေါက်သွားတယ်။ ဟိုမှာ အများကြီး ပင်ပင်ပန်းပန်းသွားလုပ်ထားတဲ့ အလုပ်တွေပေါ့နော်၊ အဲ့ဒါကို ကြည့်ပြီးမုဒိတာဖြစ်ဖို့ ဒီဘောလ်ပင်လေးသုံးတာ။
★ တစ်ခါ Ph.D လုပ်တုန်းက စာသွားဖတ်တယ်။ ဟားဗတ်ရောက်သွားတဲ့အခါကျတော့ ဟားဗတ်တက္ကသိုလ်ရဲ့ ဘောလ်ပင်လေး ၀ယ်ထားတယ်။ နောက်ပိုင်း မှင်ကုန်သွားတယ်။ လွှင့်မပစ်ဘူး။ အဲ့ဒါလေးမှာ သူ့ sentimental value ရှိတယ်။ အဲ့ဒါ တပည့်ဦးဇင်းတွေ လာပြောတဲ့အခါကျတော့ တစ်ဖက်ကကြည့်မယ်ဆိုရင် သံယောဇဉ်ရှိတာ။ Attachment ကြီးတယ်။ ဥပါဒါန်ရှိတယ်လို့ ဆိုတယ်။
★ ဒီ ဥပါဒါန်ကို ယူပုံယူနည်းက ဒါက ကိုယ်ကြိုက်တဲ့ပစ္စည်း၊ ဒါလေးကိုကြည့်ပြီးတော့ စိတ်ချမ်းသာတယ်။ ဒါလောက်ပဲဆိုရင် ဥပါဒါန်ဖြစ်နေပြီ။ ဒါကို expand လုပ်လိုက်တယ်။ ကိုယ့်မိသားစုကြိုက်တဲ့ပစ္စည်း၊ ပြီးရင် ကိုယ့်သူငယ်ချင်းကြိုက်တဲ့ပစ္စည်း၊ အဲ့လို ချဲ့လိုက်တယ်။ နောက် တခြားသူ ကြိုက်တဲ့ပစ္စည်းလေးတွေ။ ကိုယ်နဲ့ မသိတဲ့သူတွေ သူတို့ ကြိုက်တဲ့ ပစ္စည်းလေးတွေ။
★ လူတွေ တော်တော်များများ အ၀တ်အစားရွေးတာ၊ အရောင်ရွေးတာတို့၊ ပန်းအရောင်ရွေးတာတို့၊ ကားအရောင်ရွေးတာတို့၊ အိမ်ဆေးသုတ်ရင်လည်း အိမ်ဆေးအရောင်ရွေးတာတို့ ဒါမျိုးတွေ။ ကိုယ်ကြိုက်တဲ့အခါကို လွှင့်ပစ်ဖို့မလိုဘူး၊ ရှက်ဖို့လည်း မလိုဘူး။
★ ဒါပေမဲ့ positive emotion ရှုထောင့်ကနေကြည့်မယ်ဆိုရင် သူများကြိုက်တဲ့ဟာကို ကိုယ်က appreciate လေး လုပ်ပေးဖို့ပဲ။ Appreciate လုပ်တတ်အောင်၊ တန်ဖိုးထားတတ်အောင် လေ့ကျင့်ယူဖို့ပဲ။ လေ့ကျင့်တယ်ဆိုရင် ကိုယ်ကြိုက်ရာ ကိုယ်သုံးနိုင်တယ်။ အသုံးပြုနိုင်တယ်။
★ ဒါဟာ သူ့ရဲ့ positive အကျိုးကိုပဲ ကိုယ်ကရစေတယ်။ Negative အကျိုးဖြစ်တဲ့ တမ်းတမ်းစွဲမှုဆိုတဲ့ဟာက နည်းသွားတယ

No comments: