" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Tuesday, April 5, 2016

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 3 - E)

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 3 - E)
☆☆☆☆☆☆☆☆☆☆☆☆
Emotional Shake (စိတ်ခံစားမှုပိုင်းဆိုင်ရာ တုန်လှုပ်ခြင်း)
‪#‎အထူးသဖြင့်‬... ကိုယ်မကြိုက်တဲ့သူ.. (ကိုယ်သဘောမကျတဲ့သူ.. ကိုယ်နဲ့အဆင်မပြေ ဖြစ်တဲ့သူ) သူ့ရဲ့ပစ္စည်းကို ကိုယ်က တန်ဖိုးထားတတ်တယ်ဆိုရင် တန်ဖိုးထားလိုက်ပါ။
★ ဘုန်းဘုန်းတို့ ပဲခူးသာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်မှာ နေတုန်းက အစိုးရ ပထမကြီးတန်းရောက်တော့ လူ့လောကမှာလိုပဲ စာတွေ ပြိုင်ကြတယ်။ ဘုန်းဘုန်းနဲ့ပြိုင်ဘက်တစ်ပါးက ရေစကြိုဘက်က။ ကျောင်းထဲမှာဆို နှစ်ပါးပြိုင်တာပေါ့။ နောက်လည်းရှိသေးတယ်။ အဓိကကတော့ ဒီနှစ်ပါးပဲ ပြိုင်တာပေါ့။ ကျောင်းထဲမှာ ပြိုင်တယ်။
☆ ပြိုင်တယ်ဆိုတော့ ကိုယ့်ရဲ့ Emotion ကို သတိမထားမိတဲ့အချိန်၊ သိပ်ပြီး mature မဖြစ်သေးတဲ့အချိန်၊ (မရင့်ကျင့်သေးတဲ့အချိန်) ဆိုရင် သူ့ရဲ့ကောင်းကွက်၊ သူ့ရဲ့ Contribution တွေကို သတိမရဘူး။ သူနဲ့ တွေ့ရင် စိတ်ထဲမှာ tend ဖြစ်တယ်။ (တင်းမာတယ်) ။ သူကလည်း tend ဖြစ်တယ်။ ဟုတ်တယ်မလား။
★ အပတ်စဉ် စာမေးပွဲဖြေရတယ်။ အောင်စာရင်းသွားကြည့်တိုင်း စိတ်ထဲမှာ tend ဖြစ်တယ်။ အဲ့ဒါမျိုးတွေ။
★ လူ့လောကမှာတော့ စီးပွားရေးလုပ်ငန်း။ စီးပွားရေးသမားတွေဟာ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်တွေပဲ။ တိုင်းပြည်မှာ လိုအပ်တဲ့ပုဂ္ဂိုလ်တွေ။ ဝီရိယရှိတဲ့ပုဂ္ဂိုလ်တွေပဲ။
☆ သူတို့ ဒီ stress (စိတ်ဖိစီးမှု) ဒဏ် ခံနိုင်အောင်ဆိုရင် ပထမဆုံး သူတို့ရဲ့အောင်မြင်မှုကို သူတို့ ပီတိဖြစ်ရမယ်။ မကြာမကြာ ပြန်တွေးရမယ်။ သူတို့ပြန်တွေးရင် သူတို့က Secure mind ရှိတယ်။ secure feeling ရှိတယ်။ (ကိုယ့်ကိုယ်ကို ယုံကြည်တယ်၊ လုံခြုံတယ်လို့ ခံစားရတယ်) ။
★ အဲဒီလို သူတို့ရဲ့ ပီတိကို မခံစားနိုင်ဘူး၊ သူတို့ရဲ့အောင်မြင်မှုကို ပီတိမဖြစ်ဘူးဆိုရင် ပြိုင်ဘက်တွေနဲ့ တွေ့တိုင်း တွေ့တိုင်း သူတို့ဟာ လူးလိမ့်နေအောင်ခံစားရမယ်။ Emotional Shake တွေ ဖြစ်နေတယ်။ (စိတ်ခံစားမှု ပိုင်းဆိုင်ရာမှာ အများကြီးတုန်လှုပ်တယ်)။
☆ တုန်လှုပ်တိုင်း မိမိရဲ့ကောင်းကွက်ကို မိမိမခံစားနိုင်ဘူး။ ခံစားလို့မရတိုင်း ပိုတုန်လှုပ်တယ်။ တုန်လှုပ်တိုင်း ပိုပြီးတော့မခံစားနိုင်။ ဒီလိုနဲ့ အဆိုးသံသရာ လည်နေတယ်။ ကိုယ်ကလည်း ကိုယ့်ဟာနဲ့ ကိုယ်အောင်မြင်နေတာ။
★ ဘုန်းဘုန်းတို့ ငယ်ငယ်တုန်းကအကြောင်းကို ပြန်စဉ်းစားမယ်ဆိုရင် - ဒီစာဟာ ကိုယ်ကျက်မှ ကိုယ်ရတာ၊ ကိုယ်လုပ်မှကိုယ်ရတာ ဟုတ်တယ်မို့လား။
★ ကိုယ်ပင်ပင်ပန်းပန်းလုပ်တာကို ကိုယ့်ကိုယ်ကို Appreciate (အသိအမှတ်ပြု) တတ်တယ်.. မှန်မှန်ကန်ကန် appreciate လုပ်တတ်တယ်ဆိုရင်ပေါ့လေ.. အတ္တပုံစံနဲ့မဟုတ်ပဲ ပီတိပုံစံနဲ့ appreciate လုပ်တတ်တယ်ဆိုရင် ကိုယ့်ပြိုင်ဘက်ရဲ့ ကောင်းကွက်ကို ကိုယ်က appreciate လုပ်နိုင်တယ်၊ congratulate (ဂုဏ်ပြု) နိုင်တယ်ပေါ့။
★ ဒါကြောင့် တချို့ ဘောလုံးသမားတွေ ကတော့ ရှုံးသွားပြီဆိုရင် သူများလက်ကို ဆွဲမနှုတ်ဆက်ဘဲ၊ congratulate မလုပ်တာနိုင်တာတွေ ရှိတယ်။ ခရစ်ကတ် အားကစား ကတော့ congratulate မလုပ်ရင် ပြစ်ဒဏ်ထိတယ်။
★ ဒါကြောင့် အင်္ဂလန်မှာ သူတို့ရဲ့ society မှာလေ cricketကို အထက်တန်းလွှာတွေရဲ့ အားကစား၊ ဘောလုံးကိုတော့ အလုပ်သမား လူတန်းစားတွေရဲ့ အားကစားဆိုပြီး အဲဒီလိုခွဲတယ်။
★ Oxford တက္ကသိုလ်နဲ့ Cambridge တက္ကသိုလ်တွေမှာ အရင်တုန်းက ဘောလုံးကွင်းတွေမရှိဘူး။ cricket ကွင်းတွေပဲ ရှိတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင် လူတန်းစားခွဲခြားတယ်ပေါ့။
☆ ဟိုရောက်တဲ့အခါ အကြာကြီးနေမှ အဲဒါတွေ နားလည်တာ။ အဲ့ဒါကြောင့်Oxford Professor တစ်ယောက်က ဘောလုံးကြိုက်တယ်၊ ဘောလုံးအကြောင်းပြောတယ်ဆိုရင် ဒါဟာ အရမ်းထူးဆန်းသွားပြီ။
ဘာလို့ထူးဆန်းလဲဆိုရင် ဒါဟာ သူ့ရဲ့အလွှာနဲ့၊ လူတန်းစားအလွှာနဲ့ မတန်တဲ့အားကစားကို သူကလုပ်တယ်။
★ ဒါကြောင့် ဘောလုံးအားကစား အားကောင်းတာက အလုပ်သမား လူတန်းစားတွေနေတဲ့ Liverpool တို့ Manchester တို့ အဲလိုဒေသမျိုးတွေမှာ ဘောလုံးက အားကောင်းတယ်။ အဲ့လိုမျိုး။
ဒီက မြန်မာပြည်မှာတော့ အဲဒီလို concept (အယူအဆ) တွေ မရှိဘူး။ မရှိတဲ့အခါကျတော့ ဘောလုံးကိုလည်းပဲ အားကစားသမားတစ်ယောက်အနေနဲ့၊ ပရိတ်တစ်ယောက်အနေနဲ့ လူမှုရေး အမြင်တွေမပါဘဲနဲ့ enjoy (ကြည့်ရှုခံစား) နိုင်တယ်။
★ အင်္ဂလိပ်လိုဆိုရင်တော့ restriction တွေရှိတယ်။ (ကန့်သတ်ချက်) တွေရှိတယ်။ နောက်တစ်ခု ရှိသေးတယ်။ ကစားတာကတော့ Golf လိုကစားတယ်၊ ဒါပေမဲ့ တုတ်တံက သစ်သား။ နောက်ပြီးတော့ ၀င်းက သေးသေးလေး၊ ဒါပေမယ့် မြက်ကအရမ်းနူးညံ့ပြီး အရမ်းညီတယ်။ မြက်ခင်းက အရမ်း အဆင့်မြင့်တယ်ပေါ့။ အဲဒါကျတော့ တကယ့် Top University တွေမှာပဲရှိတယ်။ သူ့ကိုကစားတဲ့လူတွေကျတော့ Cricket ထက်တောင် အဆင့်မြင့်တယ်။ ဒါဟာ လူတွေရဲ့ ပညတ်ကိုပြောတာပါ။
★ အခု ဒီနေရာမှာပြောလိုတာက အဆင့်မြင့်တယ်ဆိုတဲ့ဟာကို မကောင်းတဲ့ဘက်ကကြည့်ရင်... လူမျိုးရေးခွဲခြားတယ်။
★ ကောင်းတဲ့ဘက်က ကြည့်ရင် ကိုယ့်ရဲ့ပြိုင်ဘက်ကို congratulate (ဂုဏ်ပြု) မလုပ်ဘဲနဲ့ ဒီလူဘယ်လိုမှ ဒီအားကစားကို ကစားလို့မရဘူး။ ဒဏ်ထိတယ်။ ပွဲပြီးရင်တောင် မပြီးသေးဘူး။ Emotional conclusion ပေါ့။ Emotion နဲ့ အဆုံးသတ်တယ်။
ဒါကြောင့် ဆိုလိုချင်တာကတော့ နေရာတိုင်းမှာ Emotion တွေနဲ့ ဆုံးဖြတ်ကြတယ်၊ Emotion တွေနဲ့ လှုပ်ရှားကြတယ်။ ဒီလိုလှုပ်ရှားတဲ့နေရာမှာ မိမိဘဝက ကျဉ်းနေလား၊ ကျယ်နေလားဆိုတာကို ဒီအချက် (၆)ချက်နဲ့ စစ်ဆေးကြည့်ရမယ်။

No comments: