Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 4 - D)
☆☆☆☆☆☆☆☆☆☆☆☆
အမေးအဖြေကဏ္ဍ
(ဒုက္ခကို ရင်ဆိုင်ခြင်း)
မေး။ ။ဘ၀မှာ ဂိုးတိုင် ခဏခဏပြောင်းတဲ့ဟာကို ပြောတာ နားလည်ပါတယ်။ ဘ၀ရဲ့
တကယ့်မှန်ကန်တဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ ဘာလဲဆိုတာ မသိနိုင်ဘဲဖြစ်နေပါတယ်။
ကိုယ့်ဘ၀ကိုယ် ကိုယ်ကြိုက်တဲ့ပုံစံမျိုးနဲ့ နေတာလား။ ဘေးက နေစေချင်တဲ့
ပုံစံမျိုးနဲ့ နေနေတာလား။ ဒါကို ဆုံးဖြတ်လို့မရပါဘူး။ မေးချင်တာကတော့
အဓိပ္ပာယ်ရှိတဲ့ ဘ၀ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ သိပါရစေဘုရား။
ဖြေ။ ။
ဗုဒ္ဓက ဘ၀ရဲ့ ရည်ရွယ်ချက် တွေ့ အောင်ဆိုရင် "ဒုက္ခကို ရင်ဆိုင်ရမယ်"။
ဒုက္ခကို နားလည်ရမယ်။ ဒုက္ခကိုနားလည်ရင် ဘယ်လောက်ပဲ ဘ၀ရဲ့ ရည်ရွယ်ချက်လို့
ယူဆ၊ ယူဆ၊ အကုန်လုံး အဓိပ္ပာယ်ရှိတယ်။
★ အခုဟာက ဘ၀ရဲ့ ရည်ရွယ်ချက်က "ဒုက္ခမဖြစ်အောင်"ဆိုရင် ဒါက ဒုက္ခကို ထွက်ပြေးတာ။ လူအများစုရဲ့ ဘ၀ရည်ရွယ်ချက်က အဲ့ဒါ။
ဘွဲ့ရအောင်လုပ်တယ်။ ဒါ "ဒုက္ခမဖြစ်အောင်" လုပ်တာ။ ဒီလို ဒုက္ခမဖြစ်အောင် အလုပ်ကြိုးစားလုပ်တာမျိုး ဖြစ်နေတယ်။
★ ဗုဒ္ဓက လောကြီးထဲမှာ ဒုက္ခရှိတယ်။ ဒုက္ခကို ရင်ဆိုင်ပါ။ ကာယဒုက္ခ
ဖြစ်ရင်ဖြစ်မယ်။ စိတ္တဒုက္ခ ဖြစ်ရင်ဖြစ်မယ်။ ဒါကို ရင်ဆိုင်ပါ။ ဒုက္ခရှိတယ်။
• ဆင်းရဲသားလည်း ဆင်းရဲသားအလျောက်၊
• သူဌေးလည်း သူဌေးအလျောက်၊
• လူလည်း လူအလျောက်၊
• ဘုန်းကြီးလည်း ဘုန်းကြီးအလျောက်၊ ဒုက္ခတွေရှိတယ်။
ဓမ္မစကြာသုတ်မှာ သင်ပေးခဲ့တယ်။ သစ္စာလေးပါးထဲမှာ.. ဒုက္ခကို ဘာလုပ်ရမလဲ။
★ ဒုက္ခကို ရင်ဆိုင်ရမယ်။
ဒုက္ခကို ရင်ဆိုင်မှပဲ ဒုက္ခကိုနားလည်မှပဲ ဒီဒုက္ခက ကိုယ့်ကို အန္တရာယ်မပေးနိုင်ဘူး။
★ အဲ့လိုမဟုတ်ဘဲနဲ့ ဒီဒုက္ခကို ထွက်ပြေးမယ်ဆိုရင် ထွက်ပြေးရမယ့် နေရာမရှိဘူးတဲ့။
ဒီကနေပြီးတော့ စင်္ကာပူကို ထွက်ပြေး။ ဟိုကနေပြီးတော့ ဒုက္ခက စောင့်နေတယ်။ စင်္ကာပူကနေ အင်္ဂလန်ကို ထွက်ပြေးဦး။
ဟိုကနေ ဒုက္ခစောင့်နေတယ်။ ရန်ကုန်ပြန်လာတော့ ဒီက ဒုက္ခတွေ စောင့်နေတယ်။
★ ဒါ့ကြောင့် ဒုက္ခကိုနားလည်မှပဲ ဒုက္ခကိုထွက်ပြေးစရာ မလိုတော့ဘူး။ အဲ့ဒီလို
ဖြစ်လာရင် ဘ၀ရဲ့ Desitination (ပန်းတိုင်) ကတော့ ဘုန်းဘုန်းအနေနဲ့
ဟောခဲ့တဲ့ တရားတစ်ပုဒ်ထဲမှာ our time is limited ဆိုတာ (အချိန်တွေက
အကန့်အသတ်ရှိတယ်)။
★ ဒီ ကန့်သတ်တဲ့ထဲမှာ ဒီအချိန်ကို အသုံးပြုတာသည် ဒီစီးပွားရေးသမားတွေလို နည်းနည်းရင်းရင် များများအမြတ်ရချင်တယ်။
ဘုန်းကြီးလည်း ဒီအတိုင်းပဲ ။ များများ အမြတ်ရချင်တယ်။
★ အဲ့ဒီတော့ များများအမြတ်ရချင်တယ်ဆိုရင် အများနဲ့ လုပ်တဲ့အခါမှာ စိတ်ဆင်းရဲစရာတွေရှိရင် စိတ်မဆင်းရဲအောင် နေရမယ်။
★ စိတ်ဆင်းရဲတယ်ဆိုရင် ကိုယ်က အများကြီးရင်းနှီးသလို ဖြစ်နေတယ်။ တစ်ရာတန်ကို တစ်ထောင်နဲ့ ၀ယ်ယူသလို ဖြစ်နေတယ်။
★ အလှူသွားတယ်ဆိုပါတော့။ အ၀တ်အစား ကောင်းကောင်းဝတ်သွားတယ်။ ဟိုက ..
ဘယ်သူကမှ ကိုယ်ဝတ်စားထားတာကို လှတယ်လို့ မပြောဘူး။ အဲ့ဒါနဲ့
အိမ်ပြန်လာပြီးတော့ “ဘယ်သူမှ ငါ့လည်း မပြောဘူး” ဆိုတော့..
အလှူသွားတာလေ အများကြီး အရင်းအနှီးစိုက်ပြီးတော့ သွားတာ။
မင်္ဂလာဆောင်တစ်ခုလိုပဲ အ၀တ်အစားအသစ်တွေ မထပ်အောင် တစ်စုံချုပ်သွားပေမယ့်
ဘယ်သူမှ ကိုယ့်ကို လှတယ်လို့ မပြောဘူး။
★ ပိုက်ဆံတွေ
အများကြီးရင်းနှီးမြှုပ်နှံထားတာ။ အချိန်တွေ အများကြီး
ရင်းနှီးမြှုပ်နှံထားတာ။ အဲ့ဒီဟာ တစ်ခုလေး .. လှတယ်အပြောခံရတဲ့
စိတ်ချမ်းသာမှုလေးကို ရှာတာ။ တစ်ရာတန်ကို တစ်ထောင်ရင်းပြီးတော့
ရယူချင်တဲ့သူတွေ အများကြီးပဲ။
★ ဖြစ်နိုင်မယ်ဆိုရင်တော့ ဘုန်းဘုန်းက
တစ်ရာတန်ကို တစ်ထောင်နဲ့ ရချင်တယ်။စီးပွားရေးသမား ..
စီးပွားရေးကောင်းတယ်ဆိုရင် နည်းနည်းလေးရင်းနှီးပြီး အများကြီးတိုးတယ်။
★ အဲ့ဒီတော့ သွားတဲ့နေရာတိုင်းမှာ ကုသိုလ်ဖြစ်အောင်၊
ခရီးသွားတယ်ဆိုလည်း တွေ့တဲ့နေရာတိုင်းမှာ မုဒိတာဖြစ်အောင်၊ ကရုဏာဖြစ်အောင်
ဒီနှစ်ခု ဘုန်းဘုန်းလက်ကိုင်ထားတယ်။ ဒီနှစ်ခု လက်ကိုင်ထားတော့ အဆင်မပြေတာ
တွေ့ရင်လည်းပဲ ကရုဏာဖြစ်တယ်။
★ ပြီးခဲ့တဲ့ နှစ်ရက်က ဘုန်းဘုန်း
စာအုပ်တစ်ခု တည်းဖြတ်နေတယ်။ (edit လုပ်နေတယ်)။ အဲ့ဒါ assistant တပည့်
ဦးဇင်းတစ်ပါး ဓမ္မာစရိယပေါ့။ Ph.D ပြီးခါနီးပြီ။ အရေးအသားမှာ အလွယ်တကူ
သိရမယ့်ဟာလေးကို သူမသိဘူး။ မမှားသင့်တာလေးတွေ မှားတယ်။ အဲ့ဒါ ဘုန်းဘုန်းက
Disappointed ဖြစ် (စိတ်ပျက်) သွားပြီးတော့ စိတ်ထဲမှာ ဒုက္ခဖြစ်တယ်။
စိတ်ဆင်းရဲတယ်ပေါ့။
★ နောက် သူတို့ ကို ဆူမိတယ်။ နောက် တရားပြန်ထိုင်တဲ့အခါကျတော့ ကိုယ့်ကိုယ်ပြန်ပြီးတော့ ကရုဏာပွားတယ်။
စိတ်က ထိလွယ်ရှလွယ်ရှိသေးတယ်။ နောက် သူတို့ ကိုလည်းပဲ ကရုဏာပွားတယ်။
ပွားလိုက်တဲ့အခါကျတော့ အစောပိုင်းက ဖြစ်ခဲ့တဲ့ဒေါသကို အကြောင်းပြုပြီးတော့
ကုသိုလ်ဖြစ်သွားတယ်။
★ ပဌာန်းမှာတော့ အကုသလောဓမ္မော ကုသလသ ဓမ္မဿ
ဥပနိဿယ ပစ္စယေန ပစ္စယော။ အကုသိုလ်ကို အကြောင်းပြုပြီးတော့ ကုသိုလ်ဖြစ်လာအောင်
လုပ်တဲ့နည်းပေါ့။ ဗုဒ္ဓသင်ပေးတာ။
★ တစ်နည်းအားဖြင့်
ပြောမယ်ဆိုရင်တော့ skillful Reflection ဆိုတာ အဲ့ဒီ
ဒုက္ခကိုပြန်ပြီးကြည့်တာ။ အဲ့ဒီ ဒုက္ခကို ပြန်ပြီး exmine လုပ်တာ။
ပြန်ဆန်းစစ်တယ်။ သတိနဲ့ ဆန်းစစ်တယ်။ ယောနိသော မနသိကာရနဲ့ ဆန်းစစ်တယ်။
ဆန်းစစ်တော့ ဘာထွက်လာတုန်းဆိုတော့ ကိုယ့်ကိုယ့် ကရုဏာဖြစ်တယ်။ ကိုယ့်ကိုယ်
ခွင့်လွှတ်တယ်။ ငါ ဒီ အဆင့်ပဲ ရှိသေးတယ်။ ဒေါသတွေ ပေါက်ကွဲနိုင်သေးတယ်။
★ ပါမောက္ခချုပ်ဆရာတော်ကြီးရဲ့ စာအုပ် သတိပဋ္ဌာနသုတ် အနှစ်ချုပ်စာအုပ်ကို
ဘုန်းကြီးရဲ့ တပည့်တွေကို အင်္ဂလိပ်ဘာသာ ပြန်ခိုင်းတယ်။ အဲ့ဒီ ငါးပုဒ်ထဲက
တစ်ပုဒ်ကို နောက်လ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဖွင့်ပွဲမှာ
ဝေနိုင်အောင်ဆိုပြီးတော့ edit လုပ်တယ်။ ခက်ခဲတဲ့ဟာတွေကို ဘုန်းဘုန်းက
လုပ်ထားတယ်။ ကျန်တဲ့ဟာတွေကို တပည့်တွေကို Training ပေးရအောင်ဆိုပြီး
လုပ်ခိုင်းတာ စိတ်တိုင်းမကျဘူး။
★ အလုပ်ရှင်တွေလည်း ဒီလိုပဲပေါ့။ လူတိုင်းဒီလိုပဲ။ အဲ့ဒီတော့ Frustrated ဖြစ်တယ်။ ဆူမိတယ်။
★ အဲ့ဒီလို ဖြစ်တယ်ဆိုရင် ကိုယ်က အချိန်တွေ ဒီလောက်အများကြီး
စာသင်တဲ့နေရာတွေရော၊ နောက် ဒါကို translate ဘာသာပြန်တဲ့ နေရာတွေရော၊
အများကြီး ရင်းနှီးမြှုပ်နှံထားပြီးမှ
ဒီ negative point လေးကို
positive ဖြစ်အောင် ထိန်းပြီးမလုပ်နိုင်ဘူး။ မပြောင်းလဲနိုင်ဘူး Transform
မလုပ်နိုင်ဘူးဆိုရင် တစ်ထောင်တန် ရင်းပြီးတော့ တစ်ရာတန်ပဲ ရမယ်။
★ အဲ့ဒီ ဟာလေးကို ချက်ချင်း Transform လုပ်နိုင်တယ်ဆိုရင် တစ်ရာတန်ရင်းပြီးတော့ တစ်ထောင်တန်ရတယ်။
တစ်ထောင်တန်ရင်းပြီးတော့ တစ်သိန်းတန် ရတယ်ပေါ့။ နေနိုင်လား။
★ ဒီလိုဖြစ်တယ်ဆိုရင်တော့ တစ်ချို့လူက ငါးနှစ်လုပ်မှ ရတဲ့ကုသိုလ်ကို
ကိုယ်က ငါးရက်နဲ့ ရတယ်။ တစ်ချို့လူတွေ တစ်သက်လုံးလုပ်မှ စုနိုင်တဲ့ပိုက်ဆံ၊
တခြားသူတွေက တစ်ပတ်နဲ့ လုပ်နိုင်စွမ်းရှိတယ်။
★ ဒီလိုပဲ ပါရမီ
လုပ်တဲ့နေရာမျိုးမှာလည်း တစ်ချို့ဆရာတော်ကြီးတွေကို ကြည့်ပြီး "သြော်..
အဲ့ဒီ ဆရာတော်ကြီးတွေ စိတ်ထားတတ်တယ်။ လောကဓံဒဏ်ကို
ကိုင်တွယ်နိုင်တယ်ပေါ့။"
★ အထူးသဖြင့်တော့ ဘုန်းဘုန်းရဲ့ မျက်စိအမြင်နဲ့ ကြည့်တယ်ဆိုရင်တော့ emotion ကို ကောင်းကောင်းကိုင်တွယ်နေတာ။
emotion ကို ကိုင်တွယ်တယ်ဆိုတဲ့ နေရာမှာလည်း သတိပဋ္ဌာန်ဆိုတဲ့
Non-judgmental awareness၊ အကောင်းအဆိုးမဝေဖန်တာ။ မုဒိတာ၊ ကရုဏာ
ဒီသုံးခုကို ကိုင်ပြီးတော့ emotion ကို manage လုပ်တာ။
★ ဒီလို
manage လုပ်နိုင်တယ်ဆိုရင် မိနစ်တိုင်း မိနစ်တိုင်း၊ စက္ကန့်တိုင်း စက္ကန့်
တိုင်း၊ ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုတွေဟာ ပါရမီဖြည့်ဖို့အတွက်ပဲ ဖြစ်လာတယ်။
ဆက်ရန်...
No comments:
Post a Comment