" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Thursday, May 13, 2010

သတိဆိုတဲ့ ညဏ်ချို့ယွင်းရင် အလိမ်ခံ ရတတ်ပါတယ်၊

လောကမှာ လူတွေ ခံစားရတတ်တဲ့ လိမ်ညာမှု ငါးမျိုးကို ဆရာကြီးဦးထွန်းလှိုင်က ဒီလိုဖော်ပြ ပေးထားပါတယ်။အဲဒီငါးမျိုးကတော့
(၁)ငွေကြေးဥစ္စာကို လိမ်ညာခံရခြင်း
(၂)အတတ်ပညာကို လိမ်ညာခံရခြင်း
(၃)အလုပ်ကိစ္စကို လိမ်ညာခံရခြင်း
(၄)အချိန်ကာလကို လိမ်ညာခံရခြင်း
(၅)တရားဓမ္မကိုလိမ်ညာခံရခြင်း တဲ့။

လူတွေဟာ အဲဒီငါးမျိုးနဲ့ လိမ်ညာခံ ကြရရာမှာ သူတပါးက မိမိကိုလာပြီး လိမ်ညာ ခံရတာလည်း ရှိသလို၊ မိမိကိုယ်ကို မိမိက ပြန်လိမ်ညာနေမှန်းမသိဘဲ လိမ်ညာခံ ရတာမျိုးလဲ ရှိပါတယ်တဲ့။အပြင်လူရဲ့ လိမ်ညာခြင်းကို ခံရတဲ့ သူတွေမှာတော့ လောဘကြီးလို့၊ အယုံလွယ်လို့၊ အယုံသွင်းခံရမှု တို့ကြောင့်ပဲ ဖြစ်ပါတယ်။ သတိဆိုတာ အင်မတန် အရေးကြီးပါတယ်။ သတိမမူ ဂူမမြင်တဲ့။သတိမူက မြူတောင် မြင်တယ်လို့ သိကြမှာပါနော်။

လူတွေ ဟာ သတိချို့ ယွင်းမှုကြောင့် မမှားသင့်တာတွေ မှားကြတယ်၊ မလုပ်သင့်တာ တွေလုပ်ကြတယ်။ မကြံသင့်တာတွေ ကြံကြတယ်။ ဒါကြောင့် လိမ်ညာသူတွေရဲ့ အလှည့်စား ခံရခြင်းကို မခံရ လေအောင် သတိဆိုတာကို လက်ကိုင်ထားသင့်ပါတယ်။ သတိဆိုတဲ့ ညဏ်ချို့ယွင်းရင် အလိမ်ခံ ရတတ်ပါတယ်၊စဉ်းစားဆင်ခြင် ဥာဏ်တွေ ပျောက်မှန်းမသိ ပျောက်သွားရတယ်။ပညာဥာဏ် ဖြစ်ပေါ်မှုမှာ သတိဟာ အဓိက အခရာ ဖြစ်တယ်နော်။

No comments: