" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Saturday, September 11, 2010

လူတိုင်းတွင် အသက်ကြီးလာသည်နှင့်အမျှ ဘဝ၏ရင့်ကျက်မှုရလာကြတယ်။
လေးနက်စွာတွေးခေါ်လာတတ်ကြတယ်။ ဘဝ၏အဓိပ္ပါယ်တစ်ခုရစေရန် မိမိတို့နေထိုင်ရာ
ရှူတ်ထွေးပွေလီသောမြို့တော်မှ ခေတ္တခဏထွက်ပြီး အေးချမ်းတိတ်စိတ်သော
နေရာတစ်နေရာ၌ထိုင်ကာ မိမိကိုယ်ကိုပြန်လည်စမ်းစစ်ပြီး မိမိဘာကိုလိုသလဲ၊
ဘာဖြစ်ချင်လဲ အဖြေရှာကြည့်လျှင်
...နှလုံးသားမှငြိမ်းချမ်းမှုကိုတောင်းဆိုပါလိမ့်မယ်။

ကိုယ်တည်းတစ်ယောက်
ချမ်းသာရောက်ဘို့
ခုလောက်ကြိုးကုတ်
အားမထုတ်ဘူး
ဗုဒ္ဓမြတ်စွာ သာသနာ၏
...ရှေးခါ ဘိုးဘ လက်ထက်ကလျင်
ရသည့်တံခိုး ထက်မညိုဘို့
အားကြိုးမန်တက် ငါဆောင်ရွက်သည်--
ဆက်လက်တည်တံ့ ပါစေသော်-------
(ဂန္ဓာရုံအဓိဋ္ဌာန်)

ချမ်းသာအိပ်နိုး၊ ကောင်းကျိုးမက်မြင်၊ နတ်လူစောင့်ရှောက်၊ မျက်မှောက်ချစ်ခင်၊ အဆိပ်လက်နက်၊ နှိပ်စက်မထင်၊ စိတ်ကြည်လှ ကြည်မြမျက်နှာသွင်၊ တစ်ပါးဘ၀၊ သွားရခါဝယ်၊ တွေဝေလွတ်ကင်း၊ သန့်ရှင်းလို့ရယ်၊ ဗြဟ္မာနန်းသို့၊ လှမ်းလို့တကယ်၊ ဆယ့်တစ်မျိုး အကျိုးမှတ်လိုက်ကွယ်။
(ရှင်တော်မြတ်မိန့်ခွန်း)

ကျဆုံးခဲ့ဘူးတဲ့ အရာတစ်ခုကို တစိမ့်စိမ့်တွေးပီး ဆွေးမနေစေချင်ဘူး၊ အဲဒါက ဘာနဲ့တူလဲဆိုရင် စားသောက်လို့ မရတဲ့ ထမင်းသိုးဟင်းသိုးထုပ်ကြီး ခေါင်းပေါ်ရွက်ပီး လျှောက်နေသလို ကိုယ်လည်း စားလို့မရ၊ လွင့်လဲမပြစ်ရက်၊ အသုံးမ၀င်ပါဘူး၊ ဘာမှားခဲ့ သလဲ၊ စဉ်းစား ပြန်ပြင်၊ နောက် အဲဒီလိုမမှားအောင်လုပ်၊ ဆက်လျှောက်၊ မနေ့ကလုပ်ခဲ့တဲ့အလုပ်ဟာ ဒီနေ့အ...

သူတော်ကောင်းဆိုတာ၊သူတော်လာအောင် ကိုယ်ကကောင်းပေးရတာဘဲ၊ သူတော်မှ ကိုယ်ကောင်းမယ်ဆိုရင် ဘယ်မှာလာပြီး သူတော်ကောင်းဖြစ်နိုင်ပါ့မလဲ သူတော်တော် မတော်တော်၊ကိုယ်ကတော်ရမယ် သူကောင်းကောင်း မကောင်းကောင်း၊ ကိုယ်ကကောင်းရမယ် ဒါမှသူတော်ကောင်းအစစ်ဖြစ်နိုင်မယ်။
(တိပိဋက ယောဆရာတော်)

သုံးဆယ့်တစ်ရွာ၊
သတ္တ၀ါတို့၊
ခန္ဓာဟုဆို၊
ရှိတိုင်းကိုယ်လည်း၊
အိုတရွေ့ရွေ့၊
...နောက်ဆုံးနေ့၌၊
စုတေ့မမြဲ၊
ပြိုကွဲအားလုံး၊
သေခြင်းဆုံး၏”
(မန်လည်ဆရာတော်ဘုရားကြီး)

နေမင်းသည်နေ့အခါ၌သာတောက်ပ၏။ လမင်းသည်ညအခါ၌သာတောက်ပ၏။ ရှင်ဘုရင်သည်မင်းမြောက်တန်ဆာဆင်ယင်ထားမှသာ တောက်ပ၏။ ရဟန္တာသည်ဈာန်ဝင်စားနေမှသာတောက်ပ၏။ မြတ်စွာဘုရားရှင်သည်ကားနေ့ရောညပါအခါခပ်သိမ်း တန်ခိုးတော်အမျိုးမျိုးဖြင့်အချိန်တိုင်းတောက်ပ၏။

သာသနာတော်တည်မြဲအောင် ပြန့်ပွားအောင် သန့်ရှင်းအောင် လုပ်ဘို့ဆိုတာ အဆောက်အအုံကြီးတွေက တတ်နိုင်တာ မဟုတ်ပါဘူး၊ ပရိယတ္တိ-စာပေပညာပို့ချ သင်ယူခြင်းနှင့် ထိုပရိယတ္တိကိုအခြေခံသော လမ်းမှန်သော ပဋိပတ္တိသာသနာတို့ကသာ အရှည်တည်မြဲအောင် လုပ်နိုင်ပါသည်။
(မဟာဂန္ဓာရုံဆရာတော်)

ဗုဒ္ဓတရားတွေထဲသို့ ကမ္ဘာတစ်ဝှမ်းက ပြည်သူတွေ တစိမ့်စိမ့်နှင့် စိတ်ဝင်စားလာကြသည်၊ အကြောင်းကား ငြိမ်းချမ်းရေးကို လိုလားကြခြင်းပင်။

ပြောမှသိ၊ထိမှနာ၊သာမှနေ၊သေမှခင်၊ဤလေးအင်၊လူတွင် မကျင့်ရာ..

ငါသာငါထက်
မာန်မတက်နှင့်
အထက်နေမင်း
လေကျွန်းချဉ်းလည်း
မလင်းတိမ်တိုက်
...တစ်ကျွန်းမိုက်၏
နှိုင်းလိုက်သည်သာ
ဤအရာကို
ပညာရှိက သတိရလိ့မ်။

(ရှင်မဟာသီလဝံသ)

No comments: