" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Sunday, September 11, 2011

Apply in your Life - one to eight

မြန်မာကလေးလူငယ် သုတစာပေသည် အင်းဝခေတ် ရှင်မဟာသီလဝံသနှင့် ရှင်မဟာ ရဋ္ဌသာရတို့ လက်ထက်ကတည်းကပင် အထင်အရှား ပေါ်ထွန်းလာခဲ့ပါသည်။

“သုစိပုဘာ၊ ဝိလိသိဓာ၊ အက္ခရာစွဲသုံး၊

ဤရှစ်လုံးကို၊ သီကုံးပန်းသွင်၊ နေ့တိုင်းဆင်လော့၊

စာသင်ပျိုနု၊ အခြေပြုတို့၊ ဥဇုဘူတ၊

လုံ့လပြင်းစွာ၊ သူ့ထက်ငါဟု၊ နှုတ်မှာရွရွ၊

ကြိုးပမ်းကလျှင်၊ သိပ္ပကျေးဇူး၊ အထူးသိမြင်၊

ပညာရှင်ဟု၊ မထင်မပေါ်၊ မကျော်စောဘဲ၊ တီမှာလွှဲအံ့” ဟူ၍ ရှင်မဟာရဋ္ဌသာရက သူ၏ သုစိပုဘာ အစချီဆုံးမစာ၌ ထည့်သွင်း ဖွဲ့ဆိုထားပါသည်။

ထိုခေတ် စာသင်သား မြန်မာကလေး လူငယ်များအား ပညာဆည်းပူးနည်း ရှစ်မျိုးကို ပညာပေးခဲ့ပါသည်။

ဤနည်းရှစ်မျိုးမှာ

(၁) သု၊ သုဏေယျ - နာရာ၏။ သင်ပြသမျှကို သေချာစွာ နာယူရမည်။ အပြောအဟော အဆိုအမိန့်များကို လိုက်နာ မှတ်သားရမည်။

(၂) စိ - စိန္တေယျ၊ ကြံရာ၏။ ကြားမိ ဖတ်မိသမျှကို အမှုမဲ့ မထားရာ၊ ကြံစည်စိတ်ကူးရမည်။

(၃) ပု - ပုစ္ဆေယျ၊ မေးရာ၏။ မသိမရှင်းလင်းသေးလျှင် မေးမြန်းရမည်။

(၄) ဘာ - ဘာသေယျ၊ ပြောဆိုရာ၏။ ဆည်းပူးမိသည်တို့ကို တဆင့်ထုတ်ဖော် ပြောဟောရမည်။

(၅) ၀ိ - ၀ိဓာ ရေယျ၊ စုံစမ်းဆင်ခြင်ရာ၏။ အသစ်အသစ်သော ပညာရပ်များကို စူးစမ်းရှာဖွေရမည်။

(၆) လိ - လိခေ ယျ၊ ရေးသားရာ၏။ ဖတ်ရှုမှတ်သားမိသည်တို့ကို ဖော်ထုတ် ရေးသားရမည်။

(၇) သိ - သိက္ခေယျ၊ သင်ကြားရာ၏။ ရှာဖွေဆည်းပူးမိသည်တို့ကို တဆင့် သင်ကြားပို့ချရမည်။

(၈) ဓာ - ဓာရေယျ၊ ဆောင်ရာ၏။ လေ့လာမိသမျှကို မမေ့ရန် နှုတ်တက်အာဂုံဆောင်ထားရမည် ဟူ၍ ဆိုလိုပါသည်။

ကျောင်းသား လူငယ်များအတွက် ခေတ်အဆက်ဆက် မရိုးနိုင်သော၊ တန်ဖိုးရှိသော ပညာ ဆည်းပူးနည်း ရှစ်မျိုးဖြစ်ပါသည်။

No comments: