ရေသံသရာ
ကောင်းကင်တခို၊ ပြိုမလို၊
တိမ်ညိုဘာကြောင့် မှိုင်းပါတယ်၊
မိုးရွာလို့ မှိုင်းပါတယ်။
မြည်ဟည်းထစ်ကြိုး၊ မာန်ဟုန်ဖြိုး
ရွှေမိုးဘာကြောင့်ရွာရတယ်၊
ရေခိုးပါလို့ ရွာရတယ်။
တစိမ့်စိမ့်မိုး၊ ရွာသွန်းဖြိုး
ရေခိုးဘယ်က ရပါတယ်၊
ပင်လယ်ရေက ရပါတယ်။
အပြောဝန်းကျယ်၊ ငွေပင်လယ်
သင်ရေဘယ်က ရပါတယ်၊
ချောင်းရေတွေက ရပါတယ်၊
စီးကျတွေတွေ၊ ရဂုံတွေ
ချောင်းရေဘယ်က ရပါတယ်၊
မိုးရေကျလို့ ရပါတယ်။
ရွာသွန်းဖြိုးစွေ၊ လျှပ်ပန်းဝေ
မိုးရေဘာကြောင့် ကျရတယ်၊
တိမ်ညိုမှိုင်းလို့ ကျပါတယ်။
ကိုလိုနီခေတ် မြန်မာကလေးလူငယ် သုတစာပေတွင် လယ်တီဆရာတော်ဘုရား၏ “သုံးလူ့ ရှင်ပါင်” အစချီ ကဗျာသည် လွန်စွာ သြဇာ ကြီးမားလှပါသည်။
သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်
သောင်းခွင်စင်္ကြာဝဋ္ဌာ။
နတ်ဗြဟ္မာတို့၊
ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊
ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊
ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊
ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊
နတ်လူငြိမ်းဘို့၊ ကိန်းပါကို။
အစချီလျက် လယ်တီဆရာတော်က ဗုဒ္ဓ၏ ဖြစ်တော်စဉ်များကို ဖွားမြင်သည်မှ ပရိနိဗ္ဗာန် စံတော်မှုသည်အထိ ပြောင်မြောက်စွာ ဖွဲ့ဆိုထားပါသည်။ ယနေ့တိုင် ဆန်းသစ်ဆဲဖြစ်ပါသည်။
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ သက်နှစ်ဆယ်သည်
ဘယ်ပစ္စည်းကို ကြိုက်သနည်း။
မလိမ့်တပတ်၊ ခေါင်းပုံဖြတ်၍
အနပ်အပါး၊ မြတ်ကြီးစား၍
သနားကင်းမဲ့ ကိုယ်ကျိုးငဲ့၍
ရခဲ့ မသမာ၊ ထိုဥစ္စာ၌
မခွာမခွဲ၊အရိပ်မဲ။
ကိုယ့်ဒူးကိုယ်ချွန်၊ ကိုယ့်အားသွန်၍
ဖြောင့်မှန်တရား၊ လက်ကိုင်ထား၍
သနားမေတ္တာ၊ အလေးသာ၍
ရှာရသမျှ၊ ထိုငွေစ၌
ဖိုးလ မုလေး စမ်းရေအေး။
No comments:
Post a Comment