" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Tuesday, April 5, 2016

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 2 - D)

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 2 - D)
☆☆☆☆☆☆☆☆☆☆☆☆
🔯 emotion မှာကိုက positive emotion (ကောင်းတဲ့စိတ်ခံစားမှု) နဲ့ negative emotion (မကောင်းတဲ့ စိတ်ခံစားမှု) ရှိတယ်တဲ့။ စိတ်ခံစားမှုမှာ အကောင်းရော၊ အဆိုးရော ရှိပါတယ်။
😍 အဲ့ဒါကို လောကီသဘောအရ ပြာရမယ်ဆိုရင် တစ်ယောက်ကိုတစ်ယောက် ချစ်တာလည်း Positive (အကောင်းဘက်က) ခံစားမှုတစ်ခုပါပဲ။
☆ ၀မ်းသာတာ၊ ယုံကြည်မှုရှိတာတွေကို၊ လုံခြုံမှုရှိတယ်လို့ ခံစားရတာတွေကို Postive emotion ပါ။
😫 နောက်အကြောက်တရား၊ ဒေါသ၊ မနာလိုဝန်တိုမှု၊ စိုးရိမ်မှု၊ ပူပန်သောကနဲ့ ထိန်းမရလောက်အောင် ဖြစ်ပေါ်တဲ့ လိုချင်တပ်မက်မှုတွေဟာ negative emotion (အဆိုးဘက် စိတ်ခံစားမှု) ကြောင့် ဖြစ်သွားတယ်။
★ အဖြူအမည်း ရောနေတဲ့ ခံစားမှုကိုတော့ mix emotion (ရောထွေးနေတဲ့စိတ်) ခေါ်တယ်။
● ရယ်တစ်ခါ ငိုတစ်လှည့် (ရယ်လိုက် ငိုလိုက်) ဖြစ်နေတဲ့ ခံစားမှုမျိုး၊
● တခါတလေ ရယ်စရာရှိလို့ ရယ်လိုက်တယ်။
● ဘယ်လောက်မှ မကြာသေးဘူး ရယ်စရာနဲ့ တွဲပြီး ၀မ်းနည်းစရာ သွားတွေ့မိတော့ ချက်ချင်းပဲ ၀မ်းနည်းစရာဖြစ်လာတယ်။
● ၀မ်းနည်းစရာတွေ ဗြုန်းခနဲဆို ၀င်လာတယ်။
★ ဒါကို မိမိတို့ရဲ့ စိတ်ခံစားမှုများ သိပ်မတည်ငြိမ်တဲ့ အခြေအနေမျိုး (unsafe emotion) လို့ ခေါ်နိုင်တယ်။
★ သတိပဋ္ဌာန်တရား၊ (mindfulness meditation) ကတော့ အကောင်းဆုံး ရောင်စုံခံစားမှုတို့ဖြင့် အလွန်တည်ငြိမ်တဲ့ စိတ်ခံစားမှုကိုပါ အနီးကပ်စောင့်ကြည့်ပါတယ်။
★ အဲ့ဒီလို အဆက်မပြတ် အနုပဿနာကြည့်တဲ့နေရာမှာ အကောင်းခံစားမှုဆိုတဲ့ ပျော်ရွှင်မှုအပေါ် ဘာမှ ကောင်းတယ်၊ မကောင်းဘူးဆိုတာ ဖြည့်စွက်ဝေဖန်စရာမလိုဘဲနဲ့ ကြည့်ရှုမှုမှာ မင်းသား၊ မင်းသမီးအနေနဲ့ emotionတွေကို မကြည့်ဘဲ ပွဲကြည့်သူတစ်ယောက်အနေနဲ့ ကြည့်တဲ့ သဘောမျိုးပါ။
☆ အဲ့လို သူငယ်ချင်းတွေ ဖွဲ့တာ
emotion (ခံစားမှု) နဲ့ ဖွဲ့တာ။ ဒါကလည်းပဲ emotion။ အစားအသောက်ရွေးစားတယ်။ ဒါလည်း emotion ပဲ။
🍊 ဒီမှာထွက်တဲ့ လိမ္မော်သီးလည်း ဗီတာမင်စီ ပဲ။ နယူးဇီလန်ကလာတဲ့ ကီဝီကလည်း ဗီတာမင် စီပဲ။ အဲ့လိုလူတွေရဲ့ preference (အကြိုက်) က ကွာတယ်။ ကြိုက်တာကွာတယ်။
★ ဗီတာမင်စီချင်းတူပေမယ့်
အရောင်ကွာတယ်။
နိုင်ငံကွာတယ်။
အရည်အသွေးကွာတယ်။
တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ပညတ်သဘောတွေ ကွာတယ်။
emotion က ဒီပညတ်သဘောတွေ အသုံးပြုပြီးတော့ ဖြစ်တာ။
★ Positive ဖြစ်တာလေးကို အမြဲတမ်း လေ့ကျင့်ပေးရင် Positive ဖြစ်တဲ့ emotion တွေကို အများကြီး ထိန်းထားနိုင်ပါတယ်။
★ အဲ့ဒီ အလေ့အကျင့်ဆိုတဲ့ဟာကို ပါဠိလို သိက္ခာလို့ခေါ်တယ်။ အင်္ဂလိပ်လို (Training / Exercise) လို့ ဒီလိုခေါ်တယ်။
● ဒါ့ကြောင့် နေမှု၊ ထိုင်မှု နဲ့ ပတ်သက်တဲ့ training (အလေ့အကျင့်) တွေကျတော့ သီလသိက္ခာပေါ့။
● ဒီ emotion နဲ့ ပတ်သက်တဲ့ training တွေကျတော့ သူ့ကို သမာဓိသိက္ခာနဲ့ ပညာသိက္ခာ ဒီ နှစ်ခုကို ခေါ်တယ်။
● emotion ကို stable (တည်ငြိမ်)အောင်လုပ်တာ သမာဓိသိက္ခာ၊
● နားလည်အောင်လုပ်တာကတော့ ပညာသိက္ခာ။

No comments: