" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Tuesday, April 5, 2016

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 2 - C)

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 2 - C)
☆☆☆☆☆☆☆☆☆☆☆☆
🔯 အာဖရိကမှာ Echo (အက်ကိုး) ဆိုတဲ့ ဆင်မကြီး တစ်ကောင်ရှိတယ်။ အခုတော့ မရှိတော့ဘူး။ သူ့အကြောင်းကို Documentary လုပ်ထားတာ ရှိတယ်။ အသက်ကိုးဆယ်ကျော် နေသွားတယ်။ ဆင်တွေရဲ့ သဘာဝက အုပ်စုနဲ့နေတယ်။ သူက social animal.
☆ ဆင်အထီးက အဲ့ဒီဆင်အုပ်ကို မအုပ်စိုးနိုင်ဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ သူတို့ရဲ့ emotion ကို သူတို့က မထိန်းနိုင်ဘူး။
☆ သူတို့မှာ အသက် ခြောက်နှစ်၊ ခုနစ်နှစ်၊ ဆယ်နှစ်လောက်ရှိလာပြီဆိုရင် ဆင်ထီးပေါက်စလေးတွေက သူတို့ထက်ပိုပြီးတော့ ကြမ်းတမ်းတဲ့၊ သူတို့ထက်ပိုကြီးတဲ့ ဆင်ထီးကြီးတွေနဲ့ တွေ့တဲ့အခါ အင်အားသုံးပြီးတော့ သူတို့ ဆုံးမတယ်။ ဒါနဲ့ပဲ အဲ့ဒီဆင်ထီးအသေးလေးတွေ၊ ဆင်ပေါက်စလေးတွေ အများကြီးဆိုရင် သူတို့က ထိန်းရခက်တယ်။ သူတို့ရဲ့ emotion က ကြမ်းတမ်းတယ်။
☆ ဒီဆင်မတွေကျတော့ သူတို့က kindness (ကရုဏာတရား၊ မေတ္တာတရား) ပေါ့။ ။ အဲ့ဒီ positive emotion (အကောင်းမြင်စိတ်ခံစားမှု) နဲ့ တစ်အုပ်စုလုံးကို ထိန်းတယ်။ ဒီ Echo (အက်ကိုး) ဆင်မက သူ့သားသမီးတွေ သူ့မြေးတွေကို ထိန်းသွားတယ်။
မွေးကာစ ဒီ ဆင်ပေါက်စလေးတွေ၊ တစ်ကောင်ပေါက်လာတယ်။ မွေးလာတယ်ဆိုရင် သူတို့ express (ဖော်ပြ) တဲ့ emotion (စိတ်ခံစားမှု) တွေ၊ အဲ့ဒီထဲကနေပြီးတော့ တစ်ကောင်နဲ့တစ်ကောင် relate (ဆက်သွယ်) လုပ်တယ်။ ဒီ emotion ချင်း ဆက်သွယ်တယ်။
★ ဆင်တစ်ကောင်က နေမကောင်းဘူးဆိုရင် ကျန်တဲ့တစ်ကောင်က အလိုလိုသိတယ်။ သေသွားတယ်ဆိုရင်လည်းပဲ သေသွားတဲ့ဆင်ရဲ့ အရိုးကို သူတို့က လာနမ်းကြည့်ပြီးတော့ ဒါ ဘယ်တစ်ကောင်လဲဆိုတာ သိတယ်။ သူတို့ emotion expression (စိတ်ခံစားမှုဆိုင်ရာ ဖော်ပြချက်) ဆိုတာ ရှိတယ်။
ဒီ Echo ဆိုတဲ့ documentary Youtube ထဲမှာ ရှိတယ်။ အဲ့ဒါတွေ ကြည့်လိုက်တဲ့အခါမှာ သူတို့မှာ အသိဥာဏ်မရှိဘူး။ ဒါပေမယ့် ဆင်တွေက ပဋိသန္ဓေ၂၈လ နေတယ်ဆိုတော့ .. ၂၅ လ လောက်ဖြစ်မယ်။ ၂ နှစ်နီးပါးလောက်ဆိုတော့လေ မိခင်ဝမ်းထဲမှာ ကြီးထွားခွင့် အများကြီးရတယ်။
☆ သူတို့က memory (မှတ်ဥာဏ်) တွေလည်း ကောင်းတယ်။ Echo ဆိုရင် သူ့ရဲ့ အဖွားတွေ၊ သူ့ရဲ့ အမေတွေဆီကနေ မှတ်မှတ်ထားတယ်။ ရေရှားတဲ့အချိန်ဆိုရင် ဘယ်နေရာမှာ ရေသွားရှာမယ်။ တစ်နေကုန် လမ်းလျှောက်သွားတယ်။ အဲ့ဒီမှာ ရေတွေ့တာပဲ။ အဲ့ဒီ ဆင်ငယ်ငယ်လေးတွေက သူ့ကိုပဲ မှီခိုရတယ်။ သူကလည်းပဲ သူတို့ကို ဆွဲခေါ်သွားတယ်။
☆ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် အဲ့ဒီ အုပ်စုက emotional link strong (စိတ်ခံစားမှု ဆက်သွယ်ချက် အားကြီး) ဖြစ်တယ်။
ဒီ emotion ကိုပဲ တခါတခါ တခြား သတ္တ၀ါတွေမှာ သွားကြည့်မယ်ဆိုရင်လည်း ဒီအတိုင်းပဲ။ ခြင်္သေ့ဆိုပါတော့.. ခြင်္သေ့က အုပ်စုတစ်စုမှာဆိုရင် ခြင်္သေ့အကြီးတစ်ကောင်က အုပ်စိုးတယ်။
☆ အဲ့ဒီမှာ သူတို့ ဆက်ဆံတာတွေ၊ သူတို့ emotion express (စိတ်ခံစားမှု ဖော်ပြချက်) တွေလုပ်တယ်။ သူတို့မှာ jealousy (မနာလိုစိတ်) တွေရှိတယ်။
အဲ့ဒီခြင်္သေ့ကို တခြား.. သူ့ထက်ပိုပြီးတော့ အားကောင်းတဲ့ ခြင်္သေ့က အနိုင်ရပြီ၊ ဒီခြင်္သေ့က ထွက်ပြေးရပြီဆိုရင်... သူ့ကလေးတွေကို အနိုင်ရတဲ့ ခြင်္သေ့က အကုန်လုံး ကိုက်သတ်ပစ်တာ။ ဒါ သူ့သဘာဝပဲ။ အဲ့လို လုပ်နေကြပဲ။
တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် သူတို့ positive emotion (အကောင်းမြင်စိတ်) တည်ဆောက်ဖို့အတွက် သူတို့မှာ limit အင်အားနည်းတယ်။ သူတို့က တိရိစ္ဆာန်။
☆ လူသားကျတော့ ဒီလိုမဟုတ်ဘူး။ လူသားကျတော့ အဲ့ဒီ boundary (အတားအဆီး) အားလုံးကို ကျော်လွှားနိုင်တဲ့ အနေအထားမျိုးရှိပါတယ်။ ဒါ့တွေက ကိုယ့်ကိုယ် ကြိုးစားမယ်ဆိုရင်ရပါတယ်။

No comments: