" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Tuesday, April 5, 2016

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 2 - E)

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 2 - E)
☆☆☆☆☆☆☆☆☆☆☆☆
🔯 ခုနတုန်းက ပြောခဲ့တဲ့ တိရိစ္ဆာန်တွေ အကြောင်းထဲမှာ
● အနိုင်ရတဲ့ ခြင်္သေ့တစ်ကောင်က သူ့ကလေးမဟုတ်တဲ့ ခြင်္သေ့ပေါက်စလေးတွေကို ကိုက်သတ်ပစ်တယ်။ အဲ့ဒါကို အဲ့ဒီခြင်္သေ့ပေါက်စလေးတွေရဲ့ အမေကလည်း ရှိနေတယ်။ ဒီအုပ်စုထဲမှာကိုး။ ဘယ်လောက်အထိ ရင်ကွဲမယ်ဆိုတာကို ကိုယ်ချင်းစာကြည့်နိုင်တယ်။ သူက သူ့ရဲ့ကလေးတွေကို ကာကွယ်သေးတယ်။ လုံးဝကာကွယ်လို့ မရတော့တဲ့အတွက် လက်လျှော့လိုက်တာ။
လက်လျှော့ပြီးတော့ နောက်ပိုင်းကျတော့ ဘယ်လိုဖြစ်လဲဆိုတော့ .. ဒီ အုပ်စုဗိုလ်ဖြစ်လာတဲ့ ခြင်္သေ့နဲ့ သူက ပြန်ပေါင်းပြီးတော့ နောက် ကလေးပြန်မွေးတယ်။ ဒါတွေ documentary ထဲမှာ ရှိတယ်။
● တစ်ဖက်က လူသားအနေနဲ့ကြည့်မယ်ဆိုရင် အရမ်းရင်နာစရာကောင်းတယ်။ အရမ်းကြေကွဲစရာကောင်းတယ်။ ဒါပေမယ့် တစ်ဖက်က ကြည့်မယ်ဆိုရင် အဲ့ဒီခြင်္သေ့မကြီးက သူ့ဘ၀ရပ်တည်ဖို့အတွက် သူလုပ်နိုင်တယ်။ သူက လက်ခံလိုက်တယ်။
တကယ်လို့ ဒီ ခြင်္သေ့ပေါက်စလေးတွေက သူတို့ကိုယ်သူတို့ ကာကွယ်နိုင်တဲ့အထိ ကြီးလာတဲ့အခါကျမှ နောက် ခြင်္သေ့တစ်ကောင်က လာပြီးတော့ ဗိုလ်ဖြစ်တယ်ဆိုရင်တော့ အဲ့ဒီ ခြင်္သေ့လေးတွေက သူတို့က လွတ်တယ်။ မဟုတ်ရင်တော့ မလွတ်ဘူး။
အဲ့ဒါကို သူတို့က လက်ခံပုံရတယ်။
တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် သူတို့ဘ၀မှာ emotional journey (emotion ဘ၀ခရီးစဉ်) အဲ့ဒါလေးကိုကြည့်ရင် သူတို့မှာ စဉ်းစားဆင်ခြင်တဲ့ အပိုင်းကဏ္ဍ မရှိဘူး။ ဒီ emotion (စိတ်ခံစားမှု) နဲ့ပဲ သူတို့က နေသွားတယ်။ ဘ၀တစ်ခုလုံး၊ လောကကြီးတစ်ခုလုံး emotion (စိတ်ခံစားမှု) နဲ့ပဲ ကြည့်သွားတယ်။
● လူသားကျတော့ emotion (စိတ်ခံစားမှု) နဲ့လည်း ကြည့်တယ်။
● စဉ်းစားဆင်ခြင်ဥာဏ်နဲ့လည်း ကြည့်တယ်။
ဒါပေမယ့် တခါတခါ emotion လား၊ စဉ်းစားဆင်ခြင်ဥာဏ်လား
ဆိုပြီးတော့ မသဲကွဲတာလည်း ရှိတယ်။
ဒီ Auto mind (အော်တိုစိတ်) အကြောင်းကို သိတယ်။
● အကောင်းအဆိုးမဝေဖန်တဲ့ သတိတရားနဲ့ emotion (စိတ်ခံစားမှု) တွေကို register (အသိအမှတ်ပြုလုပ်) နိုင်တယ်။ ကြည့်နိုင်တယ်။
● နောက်ပြီးတော့ Release (လွှတ်လိုက်) နိုင်တယ်။ ခွင့်လွှတ်နိုင်တယ်။ စွန့်လွှတ် နိုင်တယ်။
● နောက်ပြီး Retain (မူလ) ဆိုတာက မူလအာရုံဆီကို ပြန်ထား၊
emotion stable (စိတ်ခံစားမှု တည်ငြိမ်) ဖြစ်အောင်လုပ်တာ။ တည်ငြိမ်အောင်လုပ်တာ။
ဒီအကျင့်လေးရှိတယ်ဆိုရင်တော့ နောက်တစ်ဆင့်တက်လို့ရပြီ။
★ နောက်တစ်ဆင့် အခုပြောမယ့်ဟာက Positive emotion ကို သီးသန့်အားကောင်းအောင် လုပ်တာ။ ဒါကလည်းပဲ လွယ်လွယ်ပဲလို့ ပြောလည်းရပါတယ်။ ခက်တယ်ပြောလည်း ရပါတယ်။ လွယ်လွယ်လေး ပြောလို့ရတာက လူတိုင်းလုပ်နိုင်တဲ့အနေအထားမှာ ရှိတယ်။
★ အသက်ခုနစ်နှစ်ရှိတဲ့ အင်္ဂလန်က ကလေးလေးတွေကို ဘုန်းဘုန်းက ဒါလေးတွေ စမ်းဖူးတယ်။ သင်ပေးဖူးတယ်။ သူတို့လုပ်လို့ရတယ်။
★ Positive ဖြစ်အောင်လို့ဆိုရင် ကလေးလေးတွေ ယောက်ျားလေးတွေကို မင်းတို့ဘယ်အချိန်မှာ excited (စိတ်လှုပ်ရှားမှု) ဖြစ်တုန်းဆိုတော့ ဘောလုံးကန်တဲ့နေရာ၊ ဂိမ်းကစားတဲ့ နေရာဖြစ်တယ်တဲ့။
★ ဒီအတိုင်းဆိုရင် မသိဘူး။ ဒီလို အေးအေးဆေးဆေးထိုင်၊ ငြိမ်ငြိမ်လေးထိုင်ပြီး ဘောလုံးမကစားဘဲ အရမ်းပျော်နေတာတွေ ပြန်တွေး။ တွေးတဲ့အခါကျတော့ ဒီကလေးတွေမှာ positive emotion (ကောင်းတဲ့စိတ်ခံစားမှု) တွေ ဖြစ်လာတယ်။
★ အဲ့ဒီဟာကို သုံးမိနစ်လောက် အဲ့လို ပြန်တွေးပြီး မျက်လုံးဖွင့်လိုက်တဲ့အခါကျတော့ Positive thinking (ကောင်းတဲ့အတွေး) တွေက ကျန်ခဲ့တယ်။ အဲ့ဒါကို expandလုပ် (ချဲ့)မယ်။
★ ချဲ့မယ်ဆိုတော့ ဘယ်လိုချဲ့မလဲ။
ဘောလုံးကန်တဲ့အခါ တစ်သင်းထဲ၊ တစ်ယောက်ထဲဆိုရင် ကန်ရတာ သိပ်ပျော်စရာမကောင်းဘူး။ အသင်းနဲ့ဆိုရင် ပိုကောင်းတယ်။
★ ကိုယ့်အသင်းထဲက ကိုယ်အရမ်းကြိုက်တဲ့ ကိုယ့်သူငယ်ချင်း၊ သူကန်တာကို ဘယ်လိုကြိုက်တယ်။ ဘယ်လို အပေးအယူကောင်းတယ်။ အဲ့ဒါတွေ စဉ်းစား၊ စဉ်းစားနေရင်းနဲ့ သူ့ရဲ့ positive emotion (ကောင်းတဲ့စိတ်ခံစားမှု) က သူ့သူငယ်ချင်းအတွက် ပါလာတယ်။
expand လုပ် (ချဲ့) သွားတာ။
★ နောက်တစ်ယောက်၊ နောက်တစ်ယောက်နဲ့ အဲ့လိုနဲ့ လူတွေ စေ့သွားတဲ့အခါကျတော့ ဒီကလေးတွေက Positive emotion တွေ ခိုင်မာလာတယ်။ တစ်ယောက်ထဲ မဟုတ်တော့ဘူး။
★ နောက်တစ်ခါကျတော့.. တကယ်လို့ ကိုယ်က ဘောလုံးမကန်ဘူး။ ကိုယ်က သွားကြည့်တယ်။ တခြားကျောင်း နှစ်ကျောင်းကန်တာကို သွားကြည့်တယ်။ အဲ့ဒီလိုဆိုရင် နိုင်တဲ့သူကို ဘယ်လိုလုပ်ရမလဲဆိုရင် ကိုယ်က ကလေးတွေကို သင်ပေးတယ်။ နိုင်တဲ့သူကို Congratulations (ဂုဏ်ပြုတာ) လုပ်ရမယ်။
★ ဒါ့ကြောင့် သူတို့နိုင်နေတဲ့ဟာလေးတွေကို မျက်စိထဲမှာ imagine လုပ် (ပုံဖော်)၊ သူတို့ ပျော်နေတဲ့ဟာတွေ၊ သူတို့နဲ့ သူတို့ရဲ့ ပျော်ရွှင်တဲ့ဟာတွေကို ကိုယ်က share လုပ် (မျှဝေ) ပေးတယ်။ အတူတူ ခံစားပေးတယ်။
★ ဒါကအလယ်အလတ် လူတစ်ယောက်အနေနဲ့ သူများရဲ့ positive တွေကို share လုပ်ပေးတာ။
★ တကယ်လို့ ကိုယ်ကရှုံးသွားတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ သူနိုင်သွားတာကို Congratulates လုပ် (ဂုဏ်ပြု) နိုင်တဲ့စိတ်က ကိုယ့်ရဲ့ positive (အကောင်းမြင်) စိတ်က အရမ်းအားကောင်းသွားတယ်။
★ ကိုယ်ရှုံးနေတဲ့အချိန်မှာ နိုင်တဲ့သူကို သွားပြီးတော့ congratulates (ဂုဏ်ပြု)တယ်။ ဒါတွေက emotion (စိတ်ခံစားမှု) တွေပဲ။ ခုနစ်နှစ်သားလေးတောင် ဒါနားလည်တယ်။
ဒီနေ့ .. အခု မိနစ်သုံးဆယ်လောက် တရားထိုင်ကြည့်မယ်။

No comments: