" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Tuesday, April 5, 2016

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 2 - F)

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 2 - F)
☆☆☆☆☆☆☆☆☆☆☆☆
(80/20 သီအိုရီ)
🔯 ဒီတစ်ကြိမ်ကတော့ မိမိအတွက်ရယ်၊ မိမိ မိသားစုအတွက်ရယ်၊ မိသားစုထဲမှာလည်းပဲ ကိုယ်နဲ့ အဆင်ပြေတဲ့သူ ဖြစ်ရမယ်။ မိသားစု အချင်းချင်းထဲမှာ စကားများတယ်ဆိုရင် အဲ့ဒီစကားများတဲ့သူကို ခဏလေးချန်မယ်။
● မိမိကိုယ်တိုင်ရယ်၊
● နောက် မိသားစုထဲမှာ emotion (စိတ်ခံစားမှု) အရ Positive ဖြစ်တဲ့ (အကောင်းမြင်တဲ့) ပုဂ္ဂိုလ်ရယ်၊
● တတိယပုဂ္ဂိုလ်ကတော့ သူငယ်ချင်းတစ်ယောက်၊ အရမ်းခင်တဲ့သူငယ်ချင်း၊ ကိုယ်နဲ့ အရမ်းပနံသင့်တဲ့ သူငယ်ချင်း။
ဘာကြောင့် ဒီလိုလုပ်ဖို့ လိုအပ်လဲဆိုတော့ ဘုန်းကြီးမကြာမကြာပြောတတ်တယ်။
🔯 80/20 သီအိုရီ။
★ လူတစ်ယောက်က ကိုယ့်ကိုယ် ဝေဖန်တယ်ဆိုရင် အဲ့ဒီဝေဖန်တဲ့ဟာက ခေါင်းထဲမှာ စွဲသွားတယ်။ အဲ့ဒီဟာကို မှတ်နိုင်တဲ့ စွမ်းရည်က 80 % ရှိတယ်။
★ လူတစ်ယောက်ပဲ။ ကောင်းတာလာပြီးတော့ ပြောတယ်။ ကိုယ့်ကိုယ် လာပြီးတော့ ချီးမွမ်းတယ်။ သူချီးမွမ်းတာကို ခံစားနိုင်တာက 20% ပဲရှိတယ်။
ဒီအတိုင်းပါပဲ။ မိမိရဲ့ ဘ၀ထဲမှာ ကောင်းတာတွေ အများကြီးရှိပေမယ့် အဲ့ဒီကောင်းတဲ့ဟာတွေ၊ ကောင်းတဲ့အကြောင်းတွေကို တွေးတာ အင်အား 20၊ energy 20% ပဲ အသုံးပြုပြီးတော့ တွေးပါတယ်။
★ မကောင်းတဲ့ဟာ ပြဿနာတွေဆိုရင်တော့ အင်အား၊ energy 80% သုံးပြီးတော့ သူ့အကြောင်း ခဏခဏပြန်ပြီးတော့ replay လုပ်ပါတယ်တဲ့။ အဲ့ဒါ 80/20 သီအိုရီ။
ဒါ့ကြောင့် အိပ်မပျော်တဲ့ ရောဂါတွေ ဖြစ်တယ်။ တစ်ယောက်နဲ့တစ်ယောက် မကျေနပ်တာတွေဖြစ်တယ်။ တစ်နေ့တစ်နေ့မှာ ကိုယ်တွေးတဲ့ဟာတွေကို list လေးလုပ်ပြီးတော့ ပြန် ဆန်းစစ်ကြည့်မယ်ဆိုရင် ပူပင်စရာအကြောင်းတွေကို တွေးတာများတယ်။
● မပြီးသေးတဲ့အလုပ်တွေ တွေးတယ်။
● လုပ်ချင်တဲ့အလုပ်တွေတွေးတယ်။
● အောင်မြင်ပြီးတဲ့အလုပ် သိပ်မတွေးဖြစ်ဘူး။
● အောင်မြင်ပြီးတဲ့အလုပ်ဆိုရင် သူက positive feeling ကို ပေးတယ်။ မအောင်မြင်သေးတဲ့အလုပ်၊ မလုပ်ရသေးတဲ့အလုပ်ဆိုတော့ anxiety (စိတ်ပူပန်မှု) ဆိုတော့လေ.. emotion (စိတ်ခံစားမှု) ကို shake ..(တုန်လှုပ်)စေတယ်။
★ ဒါ့ကြောင့်မို့လို့ ရှေးခတ်က ဘုရင်ကြီးတွေဆိုရင် သူလုပ်တဲ့ ကုသိုလ်ကောင်းမှုတွေ စာအုပ်နဲ့ စာရင်းလုပ်ထားတယ်။ အဲ့ဒါကို မကြာမကြာ ဒီစာရင်းကို ဖတ်ခိုင်းတယ်။ positive feeling ပြန်ဖြစ်အောင် လုပ်တယ်။
★ ဘိုးတော်ဘုရားက (ရာဇာဓိရာဇာ ၀ိလာသိနီ) (စာလုံးပေါင်း အမှားအယွင်းရှိပါသည်) ဆိုတဲ့ ကျမ်းစာရေးတယ်။ အဲ့ဒါ တခြားမဟုတ်ဘူး။ သူ့ရဲ့ ကုသိုလ်စာရင်း။ ပါဠိလိုရေးထားတာ။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ကိုယ့်ဘ၀ထဲမှာရှိတဲ့ ကောင်းကွက်တွေ၊ ဂုဏ်ယူစရာတွေ ပြန်တွေးတာ။
★something you earn from something you have done, you have achieved and you view good feeling . (သင်လုပ်ပေးခဲ့တဲ့အတွက် အောင်မြင်ခဲ့တာတွေ၊ စိတ်ကြည်နူးမှုရစေတဲ့ အကြောင်းတွေ၊ သင်ရလိုက်တဲ့ စိတ်ချမ်းမြေ့စရာအကြောင်းတစ်ခုခု) အဲ့ဒါတွေ ပြန်တွေး။
★ တခါတခါကျတော့ emotional power (စိတ်ခံစားမှု စွမ်းအား) ဆိုတာ ..negative emotion (မကောင်းတဲ့ စိတ်ခံစားမှု) ရဲ့အင်အားကို တော်လှန်ဖို့ ဘယ်လောက်ထိ ခက်ခဲလဲဆိုရင် ....
ဧည့်ခန်းတစ်ခန်းလုံးမှာ certificate (အောင်လက်မှတ်) တွေနဲ့ ပြည့်နေတယ်။ ဘွဲ့ ဒီဂရီ လက်မှတ်တွေနဲ့ ပြည့်နေတယ်။ အဲ့ဒီ ဘွဲ့ ဒီဂရီလက်မှတ်ပိုင်ရှင်က အဲ့ဒီ ဘွဲ့တွေ၊ ဒီဂရီတွေကြားထဲမှာ ဆက်တီလေးပေါ်မှာ ထိုင်ပြီးတော့ depress ဖြစ်နေတယ်။ (စိတ်ဓာတ်ကျနေတယ်။)
★ သူ့ဘ၀မှာ အကောင်းတွေ ရှိတယ်။ မမြင်တော့ဘူး။
ဘာလို့ မမြင်တာတုန်းဆိုတော့ negative emotion (အကောင်းမမြင်တတ်တဲ့စိတ်) အရမ်းအားကောင်းနေတယ်။
★ Negative emotion ကို မနက်ကပြောသလို non-judgmental awareness (အကောင်းအဆိုးမဝေဖန်တဲ့စိတ် - သတိ) နဲ့ တစ်ဖက်က ကိုင်တွယ်၊ တစ်ဖက်က ဘယ်လို manage (စီမံခန့်ခွဲ) လုပ်ရမှာတုန်းဆိုရင် positive emotion (အကောင်းမြင်စိတ်) တွေကို များများ အားပေးပြီးတော့ ကိုင်တွယ်ရမယ်။
★ ဒါ့ကြောင့်ဒီမှာ အခု ဆယ်တန်းကျောင်းသားလေး၊
ဆယ်တန်း ဆိုတာ အနည်းဆုံး စာမေးပွဲ ကိုးကြိမ်အောင်ခဲ့ပြီ။ မဟုတ်ရင် ဆယ်တန်းမရောက်ဘူး။ အဲ့ဒီ အောင်ထားတာတွေ ပြန်စဉ်းစားမယ်။
★ မဟုတ်ရင် နောက်လဖြေရမယ့် ဆယ်တန်းစာမေးပွဲကို စဉ်းစားရင် အိပ်တောင်မပျော်ဘူး။ ထမင်းတောင်ကောင်းကောင်းမစားနိုင်ဘူး။
★ ဘယ်ကနေစရမှာလဲဆိုရင် ပြီးခဲ့တဲ့ မူလတန်းကနေစပြီးတော့ ကိုးတန်းအထိ၊ အောင်ခဲ့တဲ့ အောင်လက်မှတ်လေးတွေကြည့်၊ အဲ့ဒီ အကြောင်းလေးတွေ ပြန်တွေး၊ တွေးတယ်ဆိုရင်သူက confidence (ယုံကြည်မှု) ရှိလာတယ်။ အနိုင်တွေးတဲ့စိတ်တွေ ပေါ်လာတယ်။ အဲ့ဒီကနေစမယ်။
★အကြောင်းအရာတွေ အများကြီးရှိတယ်။ မိမိလုပ်ထားတဲ့ အကောင်းတွေ အများကြီးရှိတယ်။ ဒါပေမယ့် အဲ့ဒီအကောင်းတွေ ပြန်တွေးတိုင်း ဒီရင်ထဲမှာ ပီတိဖြစ်ချင်မှ ဖြစ်မယ်။
ပီတိမဖြစ်ဘူးဆိုရင် အဲ့ဒီ ကောင်းတဲ့အလုပ်တွေ ပီတိ မရှိလို့မဟုတ်ဘူး။ ပီတိရှိတယ်။ အဲ့ဒီကြားထဲ ကိုယ်က .. ပီတိထဲကို ၀င်လို့မရတာ။ ပီတိထဲကို မ၀င်နိုင်ဘူး။ သော့ဖွင့်လို့မရဘူး။
★ ရေကန်ကြီးလိုပဲ။ မြင်တော့ မြင်နေရတယ်။ ခပ်သောက်လို့မရဘူး။ ဒါ emotional block (စိတ်ခံစားမှု အတားအဆီး) ခေါ်တယ်။ Block (ပိတ်ဆို့တားဆီး) ဖြစ်နေတာ။
ဒီလိုဖြစ်နေရင် Positive emotion (အကောင်းမြင်စိတ်) ကို ကိုယ်က Assets လုပ်လို့မရဘူး။ ၀င်ပြီး ခံစားလို့ မရဘူးဆိုရင် အဲ့ဒီစိတ်က အလွယ်တကူတိုက်ခိုက်ခံရတယ်။ ဘာမှ မဟုတ်တာလေးနဲ့နော်။

No comments: