Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 2 - G)
☆☆☆☆☆☆☆☆☆☆☆☆
🔯 ကားနည်းနည်းကြပ်တာဆိုရင် ကိုယ်တစ်ယောက်တည်း ကြပ်တာမဟုတ်ဘူး။ ဒါပေမယ့် တလောကလုံးကို ဆဲပစ်နေတာ။
ရှေ့က ဒရိုင်ဘာကိုလည်းဆဲ၊ နောက်ကလူကိုလည်းဆဲ။ ဘေးကလူကိုလည်းဆဲ၊
ကြည့်စမ်းပါဦး၊ ဟိုဘက်ကျတော့ မကြပ်ဘူး။ တို့ဘက်ပဲ ကြပ်တယ်။ အဲ့ဒီ
အချိန်မှာ တလောကလုံးက negative ဖြစ်နေတယ်။
★ ဒါ့ကြောင့် ပထမဆုံး
မိမိရဲ့ ဘ၀မှာ ဂုဏ်ယူစရာကောင်းတဲ့ဟာလေးတွေ၊ ဆွမ်းကပ်တာပဲဖြစ်ဖြစ်၊
စာကြိုးစားတာပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်တာ အောင်မြင်တာကိုပဲဖြစ်ဖြစ်၊
ဒုက္ခရောက်တဲ့သူတွေကို ကူညီတာပဲဖြစ်ဖြစ်၊ သာသနာပြုတာပဲဖြစ်ဖြစ်၊
တစ်ခုလောက်ပြန်တွေးပြီး အသေးစိတ်ပြန်တွေးပါ။
★ တွေးပြီးရင် ဒီထဲမှာ
ပီတိဖြစ်ပါစေ။ Positive emotion (အကောင်းမြင်စိတ်ခံစားမှု) ရှိပါစေ။
Positive emotion ရှိရင် အဲ့ဒီနောက် လိုက်လာတဲ့ အတွေးက positive
(ကောင်းတဲ့) အတွေးပဲဖြစ်ပါတယ်။
★ နောက်ပြီးရင် ကိုယ့်မိသားစု
တစ်ယောက်ပြီးတစ်ယောက် အဆင်ပြေနေတယ်၊ ကိုယ်နဲ့အဆင်ပြေနေတဲ့သူတွေ
အကြောင်းတွေးပြီးတော့ သူတို့ဘ၀မှာ အဆင်ပြေတဲ့ဟာလေးတွေ တွေးပြီး
သူတို့နဲ့ထပ်တူ ပီတိဖြစ်ဖို့၊ ဂုဏ်ယူဖို့၊ Positive thinking တွေ မွေးပါ။
အားကောင်းအောင်လုပ်ပါ။
★ တစ်ယောက်ပြီးတစ်ယောက်။ မိသားစုက
သုံးယောက်ရှိတယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် မတူဘူး။ သူတို့မှာ
ဂုဏ်ယူစရာလေးတွေ မတူဘူး။ အဲ့ဒါကို သူ့တို့ရဲ့မျက်နှာ၊ သူတို့ရဲ့ ဘ၀၊
သူတို့ရဲ့အကြောင်းကို မြင်အောင် ပြန်ကြည့်တာ။ မြင်အောင် ပြန်တွေးတာ။
★ တတိယအချက်ကျတော့ ကိုယ့်သူငယ်ချင်းတွေထဲက တစ်ယောက်၊
ကိုယ့်အချစ်ဆုံးသူငယ်ချင်းတစ်ယောက်၊ ဂုဏ်ယူစရာကောင်းအောင် သူလုပ်နိုင်တယ်။
သူတို့ အောင်မြင်ပုံ၊ သူ့ဘ၀ပျော်ရွှင်ပုံ၊ အဲ့ဒါလေးတွေ တွေးပြီးတော့
စိတ်ထဲမှာ ပီတိဖြစ်ပါစေ။
★ တွေးပြီးတော့ ပီတိမဖြစ်သေးဘူးဆိုရင်
မိမိကနေပြန်စ၊ ပြန်ပြီးတော့ တွေး။ ပီတိဖြစ်အောင်တွေးဖို့ပါ။ ဒါက
တွေးခိုင်းတဲ့ တရားပါ။ တွေးခိုင်းတာ။
ခံစားခိုင်းတာ။ thinking awareness ။ Feeling awareness ဒီလို စကားလုံးဖွင့်ဆိုတယ်။
★ တွေးရင်တွေးမှန်းသိတဲ့အခါကျတော့ သိသိနဲ့တွေးတယ်။ သိသိနဲ့ ခံစားတယ်။
ပီတိက အရေးကြီးတယ်။ ဗောဇ္ဈင်ခုနစ်ပါးထဲမှာ ပီတိပါတယ်။ ပီတိမပါရင်
မဂ်ဖိုလ်နိဗ္ဗာန်မရနိုင်ဘူး။
★ အခုပြောတဲ့ဟာကတော့ လောကီနဲ့
ပီတိပေါ့။ ဓမ္မပီတိ၊ အရိယာမထေရ်မြတ်များရဲ့ ပီတိတော့ မဟုတ်သေးဘူး။ ဒါပေမယ့်
ဒီပီတိလောက်မှ မဖြစ်နိုင်ရင် အရိယာပီတိတွေဖြစ်ခဲပါတယ်။
★
ကိုယ့်ကိုယ်ကိုယ် ပြန်ဂုဏ်ယူဖို့၊ လုပ်နိုင်တာလေးတွေ ဂုဏ်ယူ။ မဟုတ်ရင်
ကိုယ်မလုပ်နိုင်တဲ့ဟာအတွက် သွားဂုဏ်ယူမိတယ်။ အကြိမ်ကြိမ်ပြောပြီးပြီ။
ဒီနေ့ထပ်ပြောမယ်။
★ ရဟန်းတစ်ပါး။ အုတ်တံတိုင်းဆောက်တယ်တဲ့။
အုတ်ချပ်ရေပေါင်းတစ်ထောင်မှာ ကိုးရာကိုးဆယ့်ကိုးခုကို လှလှပပစီနိုင်တယ်။
အုတ်တစ်ချပ်ကျတော့ နည်းနည်းစောင်းနေတယ်။ အဲ့ဒီစောင်းနေတဲ့ဟာကို
ကြည့်ပြီးတော့ သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်ဘူး။ ဆွမ်းခံသွားလည်း
ဒီအုတ်တစ်ချပ်အကြောင်း၊ ဆွမ်းစားလည်း ဒီအုတ်တစ်ချပ်အကြောင်းပဲ။
ဘုရားဝတ်တတ်တာလည်း ဒီအုတ်တစ်ချပ်အကြောင်းပဲ စဉ်းစားတယ်။
★ လှပတဲ့ ကိုးရာကိုးဆယ့်ကိုးခုကို မစဉ်းစားမိဘူး။ စိတ်မရောက်နိုင်ဘူး။ အဲ့ဒီပီတိကို သူ မခံစားရဘူး။
★ တစ်ထောင်ထဲက တစ်ခု၊ တစ်ထောင်ထဲက တစ်ယောက်၊ လူတစ်ထောင်ရှိမယ်။ တစ်ယောက်က
ကိုယ့်ကို ဆဲသွားမယ်။ ကိုးရာကိုးဆယ့်ကိုးယောက်က ကိုယ့်ကို
ချီးမွမ်းသွားတယ်ဆိုရင် အဲ့ဒီချီးမွမ်းသံတွေ ပျောက်သွားပြီး အဲ့ဒီကဲ့ရဲ့သံက
နားထဲမှာ ဟိန်းနေတယ်။
★ လမ်းလျှောက်သွားလည်း ကြားနေတယ်။
ကားမောင်းလည်း အဲ့ဒါပဲကြားနေတယ်။ ဒီအတိုင်းဆိုရင်
ကိုယ့်ကိုယ်ပြန်ဆန်းစစ်ကြည့်လိုက်။ Positive emotion exercise
နည်းနေလို့ဖြစ်နေတာဆိုပြီး သိရမယ်။ ဒါ့ကြောင့် အခုမိနစ်သုံးဆယ်လောက်
တရားထိုင်မယ်။ ပီတိဖြစ်အောင် တရားထိုင်မယ်။ Positive emotion ကို
တည်ဆောက်မယ်။
No comments:
Post a Comment