Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 3 - A)
☆☆☆☆☆☆☆☆☆☆☆☆
🔯 အစစအရာရာ ဘယ်လို ဖွဲ့နွဲ့ပြောဆိုတုန်း၊ ဘယ်လို describe
(ဘယ်လိုဆက်စပ်ပြီးတော့) ပြောဆိုတုန်းဆိုတော့ ကြိုက်တယ်/မကြိုက်ဘူး
ဒီနှစ်ခုပဲ ပြောတယ်။ တသက်လုံးဒီလိုမျိုးဘဲပြောတယ်။
★
မကြိုက်ဘူးဆိုတဲ့အထဲမှာ vocabulary (စကားလုံး) တွေ အများကြီးထည့်လိုက်တယ်။
အများကြီးရှိတယ်။ မကြိုက်တဲ့ဟာတွေလည်း လာပြီးတော့ထည့်လိုက်တယ်။ ကြောက်တာလဲ
မကြိုက်တာဘဲ၊ ရွံတာလည်း မကြိုက်တာဘဲ။ Irritate ဖြစ်တယ်။ စိတ်ထဲမှာ အဲ့ဒါကို
မကြိုက်တာ။
အဲဒီကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ ဒီ Emotion
(စိတ်ခံစားမှု) နှစ်ခုကို ပုဂ္ဂိုလ်အရ ခွဲလိုက်တယ်။ Classify
(အမျိုးအစားခွဲ) လိုက်တယ်။ block လေးတွေ လုပ်လိုက်တယ်။ ဒီ
(၆)ခုရတယ်။ဒါကတော့ ထေရဝါဒကျမ်းစာရဲ့ မေတ္တာကမ္မဋ္ဌာန်း၊
ဗြဟ္မစိုရ်တရားထဲကနေလာတာ။
● နံပါတ် (၁)က မိမိ၊
● နံပါတ် (၂) မိသားစု၊
● နံပါတ် (၃) သူငယ်ချင်းမိတ်ဆွေ၊
● နံပါတ် (၄)ကျတော့ အလယ်အလတ်ပုဂ္ဂိုလ်သူစိမ်း။
● နံပါတ် (၅)က ကိုယ်မချစ်မနှစ်သက်တဲ့သူ။
● နံပါတ် (၆) ချစ်သူ ခင်သူ အကုန်လုံးအတူတူ မေတ္တာထားတယ်။
ဘာဖြစ်လို့ strange (အံ့အားသင့်စရာ) ဖြစ်နေတုန်းဆိုတော့ …
လောကီသားတွေအတွက် ပုံမှန်ဖြစ်တာက ကြိုက်ရင်ကြိုက်မယ် မဟုတ်ရင် မကြိုက်ဘူး။
ဒီနှစ်ခုနဲ့မှ relate (ဆက်သွယ်)လို့ရတယ်။ ဒီနှစ်ခုနဲ့မှမဟုတ်ရင် relate
(ဆက်သွယ်) လုပ်လို့မရဘူး၊
★ Relate (ဆက်သွယ်)လို့မရတဲ့ပုဂ္ဂိုလ်ကို end of the strange ”သူစိမ်း” လို့ခေါ်တယ်။
★ "ခင်မင်ပြီးတော့မှ စိမ်းသွားတာ" ကို အဲဒါကို သူစိမ်းလို့မခေါ်ဘူး။ အဲဒါက
ကြိုက်တဲ့အချိန်တုန်းကကြိုက်ပြီးတော့ ပြီးမှ မကြိုက်တော့တာ။ အဲဒါကို Like
(သို့မဟုတ်) dislike ထဲ ထည့်လို့ရတယ်။
★ နံပါတ် (၅)ကို ဒီနေရာမှာ
ပိုပြီးတော့ ထင်းအောင်ဆိုပြီးတော့ ကိုယ်မချစ်မနှစ်သက်တဲ့သူ လို့ဆိုထားတယ်။
အဲဒီနေရာမှာ အင်္ဂလိပ်စကားတွေးပြီးတော့ ဘုန်းဘုန်းက (၃) ခုလုပ်ထားတယ်။
● ပထမတစ်ခုက competitive ပြိုင်ဘက်၊
● ဒုတိယက ဆန့်ကျင်ဘက် Opponent ။
● တတိယက ရန်သူ။ အထက်တက်သွားလေ ဒီဂရီပိုပြီး ပြင်းထန်လေပဲ။
★ ပြိုင်ဘက်ဆိုတာ ပြိုင်ဘက်ဖြစ်တိုင်း ရန်သူဖြစ်ဖို့ မလိုအပ်ဘူးပေါ့။
ဘောလုံးအသင်းတွေ ပြိုင်ကြ တယ်။ ဥပမာ တစ်သင်းကဗိုလ်စွဲမယ် -
ဒါလည်းပြိုင်ဘက်တွေ။ တချို့ကျတော့ ပြိုင်လာတာ နှစ်ပေါင်းကြာလာတဲ့ အခါကျတော့
ရန်သူလူမျိုး ထင်သွားတယ်။ အဲ့ဒါမျိုးလည်း ရှိတယ်။
★★ ပြိုင်ဘက်
Opponent. အမေရိကန် သမ္မတတွေ၊ သူတို့က ဘယ်လိုပြောတုန်းဆိုတော့ We are
opponents but we aren’t enemies. ကျွန်တော်တို့ဟာ ဆန့်ကျင်ဘက်၊
ဟိုဘက်ဒီဘက် ဆန့်ကျင်ဘက်တွေ။ အယူဝါဒလည်း ဆန့်ကျင်ဘက်တွေ၊ ပါတီကလည်း
ဆန့်ကျင်ဘက်တွေ။ - ဒါပေမဲ့ ကျွန်တော်တို့ဟာ ရန်သူမဟုတ်ဘူး။
အမေရိကန်ပြည်သူကို အလုပ်အကျွေးပြုချင်တဲ့သူတွေချည်းပဲ။ ရည်ရွယ်ချက် တူတယ်။
ဒါပေမဲ့ အဲဒီရည်ရွယ်ချက်ကိုရောက်အောင်သွားဖို့ နည်းလမ်းမတူဘူး၊ အကြိုက်လည်း
မတူဘူး။
★★★ နောက်ဆုံးက enemy - ရန်သူ။ ခါးခါးသီးသီး
ဒါတစ်ယောက်ကိုတစ်ယောက် ဖျက်ဆီးချင်တဲ့ အနေအထားမျိုးတွေရောက်လာတယ်။
ရန်သူဆိုတာကိုလည်းဘဲ Emotion (စိတ်ခံစားမှု) နဲ့သတ်မှတ်လိုက်တာပဲ။ မိတ်ဆွေ
ဆိုတာကိုလည်းပဲ Emotion (စိတ်ခံစားမှု) နဲ့သတ်မှတ်လိုက်တာပဲ။ ဒါကြောင့်
လူ့လောကမှာ Emotion ဘယ်လောက် အရေးကြီးလဲဆိုတာ သိနိုင်ပါတယ်။
☆
အာဖရိကတိရစ္ဆာန်လေးတွေအကြောင်း ပြောခဲ့ပါတယ်- ခြင်္သေ့နဲ့ ဟာရီးနားဆိုတဲ့
ခွေးတစ်မျိုး။ သူတို့ဟာ ကမ္ဘာ့ရန်သူတွေလို့ပြောကြတယ်။ တွေ့တယ်ဆိုရင်ပဲ
များတဲ့ကောင်က အနိုင်ယူသွားတာပဲ။ သူတို့အုပ်စုမှာလည်းပဲ ဟာရီးနားထဲမှာလည်း
အချင်းချင်း သူတို့ အုပ်စုဖွဲ့ပြီးတော့လေ
တစ်ဦးနဲ့တစ်ဦးအနိုင်ကျင့်တာမျိုးတွေရှိတယ်။
☆ ခြင်္သေ့ကလည်း
အဲဒီအတိုင်းပဲ။ တစ်အုပ်စုနဲ့တစ်အုပ်စု အနိုင်ကျင့်တာတွေရှိတယ်။
ခြင်္သေ့ထက်အများကြီးပိုပြီးတော့ gentle (သိမ်မွေ့)တဲ့၊ elephant (ဆင်တွေ)
တောင်မှ တစ်ဦးနဲ့ တစ်ဦးမနာလို၊ ဒါမှ မဟုတ်ပြိုင်ဆိုင်ကြတယ်။
☆
အဲ့ဒီ Echo (အက်ကိုး) ရဲ့ documentary (ဇာတ်လမ်း) ထဲမှာ ဆင်ပေါက်စလေး
တစ်ကောင်ကို Kidnap (သိမ်းသွင်းကြံစည်) တယ်။ Echo (အက်ကိုး) ဆင်မဘက်က၊
အက်ပနီဆိုတဲ့ဆင်လေးကို တခြားဆင်အုပ်စုတွေက သူတို့ကို ပညာပြချင်တဲ့အခါကျတော့
ဆင်လေးကို တစ်ခြားအဖွဲ့က ခေါ်သွားပြီး ၊ အဲဒီဆင်ပေါက်စလေးကို လာယူသွားပြီး
ဆင်အကြီးကြီးတွေရဲ့ကြားထဲမှာ သွားထားလိုက်ကြတယ်။ ဝိုင်းထားကြတယ်ပေါ့။
Echo တို့ ဘက်ကလည်း ဘာလုပ်လဲဆိုတော့ သူ့ရဲ့ဆင်တွေ သွားခေါ်ပြီး သူတို့လည်း
ပြန်ဝိုင်းလိုက်တယ်။ အဲဒီ ဆင်လေး ပြန်ရအောင် သူတို့ယူတယ်။ ဒါပေမဲ့ သူတို့က
Fight (တိုက်ခိုက်မှု) မလုပ်ဘူး။ မတိုက်ခိုက်ကြဘူး။ အံသြစရာကောင်းတယ်။
☆ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် ဆင်တွေ၊ သူတို့မှာ Emotion (စိတ်ခံစားမှု)
ကို ဘယ်လောက်ထိ ထိန်းနိုင်လဲ ဆိုတာကိုပြောတာ။ အဲဒါကို ကြည့်ပြီး
ဘုန်းဘုန်းက “ဆင်တွေဟာ Emotion အရဆိုရင်တော့ တိရိစ္ဆာန်ထဲမှာ တော်တော်
mature ဖြစ်တယ်။ မိခင်ဝမ်းထဲမှာလည်း အကြာကြီး နေရတယ်၊ အသက်လည်းရှည်ကြတယ်။
ဒါ့ကြောင့် အာယုဝနော သုခံ။ အသက်ရှည်တယ်ဆိုတာ အကြောင်းမဲ့ အသက်ရှည်တာ မဟုတ်ဘူး။
★ နောက်ဆုံး နံပါတ် (၆)ကျတော့ တစ်လောကလုံးနဲ့ဆိုင်သွားပြီ။ အဲဒါကတော့
positive feeling အနေနဲ့ အဲဒီအဆင့်ရောက်ရင် အကုန်လုံးကို ကျော်ပြီးတော့
ချစ်သူ ခင်သူ အကုန်လုံးအတူတူ မေတ္တာထားတယ်။
No comments:
Post a Comment